ကမ္ဘာ့ဖလား လေ့ကျင့်ရေးနေရာ၌ ဖိလစ်ပိုင်အလုပ်သမားတစ်ဦး သေဆုံးမှုကို ကာတာက စုံစမ်းစစ်ဆေးနေ

0
220

ဒိုဟာ၊ ဒီဇင်ဘာ ၉

ကာတာနိုင်ငံသည် ဖိလစ်ပိုင်အလုပ်သမားတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ လုပ်ငန်းခွင် ဘေးကင်းရေး စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ကာတာတာဝန်ရှိသူများက ဒီဇင်ဘာလ ၈ ရက် ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

ဆော်ဒီလက်ရွေးစင် အသင်း၏ လေ့ကျင့်ရေးနေရာ ဖြစ်သည့် ဆီးလိုင်း ကမ်းခြေ အပန်းခြေစခန်းရှိ ကားရပ်နားရန် နေရာတွင် မီးပြင်ရန် စာချုပ်ချုပ်ဆိုထားသော ဖိလစ်ပိုင်လုပ်သားသည် မီးပြင်ကားနှင့်အတူ ဘေးချင်းကပ် လမ်းလျှောက်လာစဉ် ဆင်ခြေ လျှောလမ်းပေါ်မှ ချော်လဲ၍ ကွန်ကရစ်နှင့် ခေါင်းတို့ တိုက်မိကာ သေဆုံးသွားကြောင်း အွန်လိုင်း အားကစားစာစောင် သည်အက်သလက်တစ်က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်မှာ ကမ္ဘာ့ဖလားကျင်းပစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အချိန်အတိအကျကိုမူ ဖော်ပြထားခြင်း မရှိပေ။

“စုံစမ်းစစ်ဆေးသူတွေက ကုမ္ပဏီဟာ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေကို မလိုက်နာဘဲ အလုပ်သမားကို ခိုင်းစေတယ်ဆိုပြီး ကောက်ချက်ချခဲ့ရင် ကုမ္ပဏီကို ဥပဒေအရ အရေးယူတာအပြင် ဒဏ်ငွေအများအပြားပါ ပေးဆောင်စေမှာပါ” ဟု ကာတာအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနထံ ပြောခဲ့သည်။

ကာတာနိုင်ငံသည် ပြောင်းရွှေ့အလုပ်သမားများအပေါ် ဆက်ဆံပုံနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းမှ ဝေဖန်မှုများကို ခံခဲ့ရပြီး လူ့အခွင့်အရေး အဖွဲ့များ၏ စောင့်ကြည့်ခြင်းကိုလည်း ခံနေရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here