တာမွေမြို့နယ်၊ဦးချစ်မောင်အိမ်ယာတွင် မီး လောင်မှုဖြစ်ပွား Level 1 အဆင့်ငြှိမ်းသတ်ခဲ့ရပြီး ၂ ဦးဒဏ်ရာရ

0
220

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊ဦးချစ်မောင်လမ်းရှိ ဦစချစ်မောင်အိမ်ယာတွင် ဒီဇင်ဘာ ၉ ရက်(ယ နေ့)မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ် ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်စဥ်အား တာမွေမြို့နယ်မီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား ၄ စီး၊လူမှုကူညီရေးအသင်းများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သော်လည်း ငြိမ်းသတ်နိုင်ခြင်းမရှိ၍ မွန်း လွဲ ၂ နာရီခွဲတွင် Level 1 အဆင့်မီးယာဉ်အုပ်စုများဖြင့်ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် မွန်းလွဲ ၂ နာရီ ၅၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၅၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ဦးချစ်မောင်အိမ်ယာရဲ့ AGD ဘဏ်ဘေးက Real Life အဆောက်အဦးမှာလောင်တာပါ အဲဒီအ ဆောက်အဦးရဲ့ ပထမထပ်ကနေ မီးလောင်တဲ့အ ချိန် လူတစ်ယောက်ကခုန်ချတော့ အဲဒီလူကိုအောက်ကနေ တစ်ယောက်ကအချိန်မီဖမ်းပြီးကယ်လိုက်တဲ့အတွက် ခုန်ချတဲ့တစ်ယောက်နဲ့ကယ်ပေးတဲ့တစ်ယောက် ၂ ယောက်ပေါ့ ထိခိုက်ဒဏ်ရာရတယ် ဆေးရုံကိုပို့ပေးလိုက်ပါပြီ”လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here