AI နည်းပညာသုံး မျိုးဆက်သစ်တိုက်လေယာဉ်သစ်တစ်မျိုးကို ဗြိတိန်၊ အီတလီနှင့် ဂျပန် ပူးပေါင်းပြုလုပ်မည်

0
284

ဉာဏ်ရည်တု AI နည်းပညာသုံး မျိုးဆက်သစ်တိုက်လေယာဉ်အသစ်တစ်မျိုးကို တီထွင်ပြုလုပ်ရန် ဗြိတိန်၊ အီတလီနှင့် ဂျပန်တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ် ရီရှီဆူးနက်က ကြေညာခဲ့သည်။

အဆိုပါလုပ်ငန်းကြောင့် ဗြိတိန်တွင် ထောင်နှင့်ချီသော အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်နှင့် လုံခြုံရေးဆိုင်ရာဆက်ဆံမှုများပိုမိုအားကောင်းစေရန် ရည်ရွယ်ကြောင်းကိုလည်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

အဆိုပါ တိုက်လေယာဉ်သစ်သည် လိုအပ်လာပါက လေယာဉ်မှူးမရှိပဲလည်း ပျံသန်းနိုင်မည်ဖြစ်ပြီး၊ အသံထက်မြန်သော ဒုံးကျည်များကိုလည်း ပစ်ခတ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မျိုးဆက်သစ်တိုက်လေယာဉ်သစ်သည် ၂၀၃၀ ခုနှစ် နှစ်လည်ပိုင်းခန့်တွင် အဆင်သင့်ဖြစ်မည်ဟု ဗြိတိန်ကမျှော်လင့်ထားသည်။

Source: BBC


LEAVE A REPLY

Please enter your comment!
Please enter your name here