ကျွန်းစုမြို့နယ်တွင် စက်လှေတစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသား ၃ ဦး သေဆုံး

0
374

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပင်လယ်ပြင်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့က စက်လှေ တစ်စီး တိမ်းမှောက်ခဲ့ပြီး အမျိုးသား သုံးဦး ရေနစ်သေဆုံးသွားကြောင်း ကရုဏာနာရေးကူညီမှုအသင်း မြိတ် ထံမှ သိရသည်။

ဒီဇင်ဘာ ၇ ရက်တွင် ကျွန်းစုမြို့၊ ဒုံးဥယာဉ်ကမ်းရွာအနီးတွင် ၁၃ ဦိးခန့်ပါသည့် ခရီးသည်တင်စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့တွင် ရေနစ် သေဆုံးခဲ့သည့် အမျိုးသား သုံးဦး၏ အလောင်းများကို ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ််သည်ဟု ကရုဏာနာရေးကူညီမှုအသင်း မြိတ် မှ တာ၀န်ရှိသူတစ်ဦးကပေါ်ပြူလာနယူး(စ်)သို့ ပြောသည်။

ပင်လယ်တွင်လှိုင်းကြီးမှုကြောင့် စက်လှေနစ်မြှုပ်ခြင်းဖြစ်သည်ဟု သိရပြီး တွေ့ရှိရသည့် ရေနစ်သေဆုံးသူများ၏အလောင်းကို ၅/၁၀၀ ရင်ခွဲရုံသို့ ကရုဏာနာရေးကူညီမူအသင်း၊ ချစ်ကြည်ရေးပရဟိတအသင်းနှင့် ချမ်းမြေ့ကျန်းမာရေးအထောက်ကူပြုအသင်းတို့မှပို့ဆောင်ကူညီခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here