အိန္ဒိယဝန်ကြီးချုပ် ၎င်း၏မွေးရပ်ပြည်နယ်၌ သောင်ပြိုကမ်းပြိုအနိုင်ရရှိ

0
137

အမီဒါဘတ်ထ်၊ဒီဇင်ဘာ ၈

အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီ၏ပါတီသည် လွှတ်တော်ရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်၏မွေးရပ်မြေတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ၂၀၂၄ ၌ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲ၌ အခြေအနေကောင်းများရှိနေကြောင်းရလဒ်များကပြသနေသည်။

လူဦးရေသန်း ၆၀ ဝန်းကျင်ရှိသော အနောက်ပိုင်းပြည်နယ်၌ ၎င်း၏စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် ဝန်ကြီးချုပ်၏ပါတီသည် ဂူဂျာရတ်၏ဥပဒေပြုလွှတ်တော်၌ ၁၈၂ နေရာရှိသည့်အနက် ၁၄၇ နေရာအားအနိုင်ရရှိခဲ့သည်။သို့သော်အဆိုပါပမာဏသည် မဲရေတွက်မှုမပြီးခင်ဖြစ်ပြီး ရေတွက်မှုအားလုံးပြီးဆုံးပါက နောက်ထပ်ကိုးနေရာခန့်ထပ်မံအနိုင်ရနိုင်သည်ဟုမျှော်လင့်ရသည်။

မိုဒီသည် နိုင်ငံတော်ဝန်ကြီးချုပ်မဖြစ်လာမီ က ၁၂ နှစ်တ်ိုင်တိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဂူဂျာရတ်ပြည်နယ်၌ ခဲရာခဲဆစ်မဲဆွယ်ခဲ့ရသည်။ယင်းနောက်ယခုကဲ့သို့အောင်ပွဲရရှိခဲ့သည့်အတွက် ဂူဂျာရတ်ပြည်သူများအား ကျေးဇူးတင်ကြောင်းပြောကြားလျက် အလွန်ဝမ်းမြောက်မိကြောင်းလည်းပြောကြားခဲ့သည်။

အသက် ၇၂ နှစ်အရွယ်ရှိမိုဒီသည် လာမည့် ၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲ၌လည်း တတိယအကြိမ်မြောက်ထပ်မံအုပ်ချုပ်ရနိုင်ကြောင်း မျှော်လင့်ထားကြသည်ဟုလည်းသိရှိရသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here