ပင်နယ်တီအဆုံးအဖြတ်နဲ့ ဘရာဇီးကိုအနိုင်ယူပြီး ခရိုအေးရှား ဆီမီးတက်

0
181

၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပထမပွဲစဉ်အဖြစ် ဘရာဇီးနဲ့ ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားရာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ဘရာဇီးကိုအနိုင်ယူပြီး ခရိုအေးရှား ဆီမီးတက်ရောက်သွားခဲ့ပါတယ်။

ခရိုအေးရှားနဲ့ ဘရာဇီးအသင်းတို့ဟာ ပထမပိုင်းမှာ တစ်ဖက်အသင်းရဲ့အမှားကိုတစ်ဖက်စောင့်ကစားခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဘရာဇီးက ပိုမိုတိုက်စစ်ဆင်ကစားလာတာကြောင့် ဂိုးရရှိနိုင်မယ့် ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် သာမန်ပွဲကစားချိန် မိနစ် (၉၀) ပြည့်ချိန်မှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့ကြောင်အချိန်ပို (၁၅) မိနစ် နှစ်ပိုင်းခွဲကန်တဲ့အခါမှာ ပထမပိုင်း (၁၅) မိနစ်ပြည့်ခါနီးအချိန်မှာပဲ ဘရာဇီးတိုက်စစ်ကစားသမား နေမာက ခရိုအေရှားနောက်တန်းကစားသမားတွေကို လှလှပပ ကျော်ဖြတ်ပြီး ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအချိန်ပို (၁၅) မိနစ်မှာတော့ပွဲဟာ ပိုမိုအကြိုက်အနယ်ရှိလာပြီး ခရိုအေးရှားအတွက်ချေပဂိုးကို လူစား၀င်တိုက်စစ်မှူး ပက်ထရိုဗစ်က သွင်းယူပေးခဲ့ပါတယ်။

အချိန်ပိုကစားပြီးချိန်အထိ သရေရလဒ်ထွက်ပေါ်နေတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူတဲ့အခါမှာ ဘရာဇီး အသင်း ပင်နယ်တီ ၂ ကြိမ်လွဲချော်သွားတာကြောင့် ခရိုအေးရှားဆီမီးဖိုင်နယ်ကိုတက်ရောက်သွားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here