လုံခြုံရေးဗျူဟာသစ်၌ တရုတ်အားစိန်ခေါ်မှုတစ်ရပ်အဖြစ်ထည့်မထည့် ဂျပန်ချိန်ဆနေ

0
115

တိုကျို၊ဒီဇင်ဘာ ၉

ဂျပန်သည်၎င်း၏အမျိုးသားမဟာဗျူဟာသစ်တွင် မကြာသေးမီက အမေရိကနှင့်နေတိုးတို့၏ထုတ်ပြန်ချက်များအရ တင်းတင်းကျပ်ကျပ်ရပ်တည်ကာ တရုတ်အားမကြုံစဖူးသော စိန်ခေါ်မှုတစ်ရပ်အဖြစ်သတ်မှတ်ရန်စဉ်းစားနေကြောင်းသိရှိရသည်။

အဆိုပါမဟာဗျူဟာသစ်အတွက် ဧပြီလကအကြံပြုချက်တွင် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီက တရုတ်နိုင်ငံစစ်ရေးလှုပ်ရှားမှုများသည် နိုင်ငံတကာအသိုက်အဝန်းအတွက် ဆိုးရွားသောလုံခြုံရေးခြိမ်းခြောက်မှုမျိုးဖြစ်သည်ဟုဆိုခဲ့သည်။

ဂျပန်အုပ်ချုပ်မှုအောက်ရှိ ဆန်းခခုကျွန်းစုများအနီးသို့ တရုတ်ရေတပ်သင်္ဘောများကျူးကျော်လာမှုများအားထောက်ရှုလျက် တရုတ်၏စစ်ရေးစွမ်းရည်တိုးတက်လာမှုကိုလျစ်လျူရှု၍မရနိုင်ကြောင်းလည်းထောက်ပြခဲ့သည်။

တရုတ်အရေးနှင့်ပတ်သက်၍ အမေရိကနှင့်ဥရောပတို့၏ရပ်တည်ချက်များအတိုင်း ပြုမူခြင်းသည်ကာကွယ်ရေးအာဏာပိုင်များအား ရည်မှန်းချက်များနှင့်စစ်ဆင်ရေးများကို ပိုမိုကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်နိုင်မည်ဟု ဂျပန်ကယုံကြည်ထားသည်။

သို့သော်လည်း တိုကျိုရှိလူအများစုသည် အိမ်နီးချင်းပေကျင်းနှင့်ဆက်ဆံရေးကိုမြှင့်တင်ရန် အာရုံစိုက်လိုကြပြီး ဝန်ကြီးချုပ်ကီရှီဒါသည်လည်း အပြုသဘောဆောင်ပြီးတည်ငြိမ်သည့် နှစ်နိုင်ငံဆက်ဆံရေးကိုမြှင့်တင်ရန်အတွက် နိုဝင်ဘာလကတရုတ်သမ္မတရှီနှင့်တွေ့ဆုံခဲ့သည်။

တရုတ်သည် ဂျပန်၏အဓိကကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်သည်။တိုကျိုအနေဖြင့် တရုတ်၏အင်အားကြီးမားလာကိုတားဆီးနိုင်ရန် အမေရိက၊ဥရောပတို့နှင့်အတူလုပ်ဆောင်နေသော်လည်း တစ်ဖက်ကလည်း ပေကျင်းနှင့်နှစ်နိုင်ငံဆက်ဆံရေးပြေလည်စေရန်အတွက် ဆက်လက်ဆက်သွယ်နေရန်စီစဉ်ထားသည်ဟုဖော်ပြထားသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here