နယ်သာလန်ကိုလည်း ပင်နယ်တီအဆုံးအဖြတ်ဖြင့်သာ အနိုင်ယူရရှိပြီး အာဂျင်တီးနား ဆီမီးဖိုင်နယ်တက်ရောက်

0
308

၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် နယ်သာလန်နဲ့ အာဂျင်တီးနားတို့ ယှဉ်ပြိုင်ကစားရာမှာလည်း ပင်နယ်တီအဆုံးအဖြတ်နဲ့ အာဂျင်တီးနား အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

အာဂျင်တီးနားတို့ နယ်သာလန်ကို ၂ ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် နယ်သာလန်အတွက် နောက်ကျချေပဂိုးတွေကို လူစား၀င် တိုက်စစ်မှုး 

၀က်(စ်)ဟော့က သွင်းယူနိုင်ခဲ့တာကြောင့် သာမန်ပွဲကစားချိန် မိနစ် (၉၀) ပြည့်ချိန်မှာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့ကြောင်အချိန်ပို (၁၅) မိနစ် နှစ်ပိုင်းခွဲကန်တဲ့အခါမှာလည်း နှစ်သင်းလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေရလဒ်ထွက်ပေါ်နေတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူတဲ့အခါမှာ အာဂျင်တီးနားက နယ်သာလန်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီးဆီမီးဖိုင်နယ်ကိုတက်ရောက်သွားပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာတော့ အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့တွေ့ဆုံနေပြီး ဒီဇင်ဘာလ ၁၄ ရက်မြန်မာ စံတော်ချိန် နံနက် ၁ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here