မြောက်ကိုရီးယား၏ လျှို့ဝှက်နည်းပညာလုပ်သားများသည် ပြုံယမ်းအတွက်အဓိကငွေရှာပေးနေသူများဖြစ်ဟုဆို

0
317

ဆိုးလ်၊ဒီဇင်ဘာ ၉

မြောက်ကိုရီးယားနိုင်ငံသားများသည် အစိုးရ၏ဒုံးကျည်နှင့်နျူလက်နက်အစီအစဉ်အတွက် ငွေရှာနိုင်ရန်ပြည်ပနိုင်ငံများ၌ ကိုယ် ရေးအချက်အလက်အတုများဖြင့် အလုပ်လုပ်နေကြသည်ဟု တောင်ကိုရီးယားကသတိပေးခဲ့သည်။

အဆိုပါဝန်ထမ်းများသည် အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် အလုပ်အကိုင်များကိုလုပ်ကိုင်လျက်ရှိပြီး ပြုံယမ်းအတွက်နှစ်စဉ်နိုင်ငံခြားငွေ ဒေါ်လာသန်းရာနှင့်ချီ၍ထုတ်ပေးနေကြောင်း တောင်ကိုရီးယားအစိုးရအကြံပေးအဖွဲ့ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားအလွတ်တမ်းဝန်ထမ်းများသည် ဆော့ဖ်ဝဲလ်ပိုင်းဆိုင်ရာအလုပ်ကိုအများဆုံးလုပ်လေ့ရှိပြီး မြောက်အမေရိက၊ဥရောပနှင့်အရှေ့အာရှရှိ ကုမ္ပဏီများတွင်လုပ်လေ့ရှိကြကြောင်းသိရှိရသည်။ယင်းသို့လုပ်ကိုင်နေသူ ထောင်ချီရှိနိုင်ပြီး စုဖွဲ့နေထိုင်ကာ အလွတ်တမ်းဝန်ထမ်းများအဖြစ်လုပ်ကိုင်လျက်ရှိသည်ဟုလည်းဆိုသည်။

၎င်းတို့အနက်မှအများစုသည် ပိတ်ဆို့အရေးယူမှုခံထားရသော မြောက်ကိုရီးယားအဖွဲ့အစည်းများနှင့် ဆက်စပ်နေသည်ဟုယူဆရသည်ဟုလည်းဆိုသည်။ယင်းသို့သောဝန်ထမ်းများအား အလုပ်ခန့်ခြင်းနှင့် ဝင်ငွေရရှိအောင်ပြုလုပ်ပေးခြင်းသည် ဂုဏ်သိက္ခာပိုင်းဆိုင်ရာအန္တရာယ်များနှင့် တရားဥပဒေအကျိုးဆက်များဖြစ်ပေါ်လာနိုင်သည်ဟုလည်းအကြံပြုထားသည်။

မြောက်ကိုရီးယားသည် နည်းပညာလုပ်သားများအား ပြည်ပသို့လွှတ်ခြင်းအပါအဝင် ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ကာ ငွေခိုးယူခြင်းနှင့်ခြိမ်းခြောက်ငွေညှစ်သည့် ဟက်ကာအဖွဲ့တစ်ဖွဲ့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည်ဟု အဆိုပါအကြံပေးအဖွဲ့ကပြောကြားခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here