ဆော်ဒီက ဟွာဝေးနှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုး

0
155

ရီယာဒ်၊ဒီဇင်ဘာ ၉

ဆော်ဒီအာရေးဗျသည် တရုတ်သမ္မတရှီ၏ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်သည့်အနေဖြင့် သဘောတူညီချက်များစွာကိုလက်မှတ်ရေးထိုးခဲ့ပြီး ယင်းတို့အနက် နည်းပညာကုမ္ပဏီဟွာဝေးနှင့်ပြုလုပ်သည့်သဘောတူညီချက်လည်းအပါအဝင်ဖြစ်သည်။

ဆော်ဒီဘုရင်ဆယ်လ်မန်သည် အနောက်အားကျော်လွန်၍ ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်သစ်များထူထောင်သည့်အနေဖြင့် သမ္မတရှီအားခမ်းခမ်းနားနားကြိုဆိုခဲ့ပြီး သမ္မတရှီနှင့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်ကုမ္ပဏီ၏နည်းပညာကိုအသုံးပြုရာတွင် လုံခြုံရေးအန္တရာယ်ဖြစ်နိုင်သဖြင့် ပင်လယ်ကွေ့မဟာမိတ်များနှင့် အမေရိကန်တို့ဘက်မှသဘောမကျသော်လည်း ဆော်ဒီက တရုတ်နည်းပညာကုမ္ပဏီဟွာဝေးနှင့် သဘောတူညီမှုတစ်ရပ်ပြုလုပ်ခဲ့ကြသည်။ဟွာဝေးသည် အမေရိက၏စိုးရိမ်ပူပန်မှုများကြားမှပင် ပင်လယ်ကွေ့ပြည်နယ်အများစု၌ 5G ကွန်ရက်များတည်ဆောက်ရာတွင်ပါဝင်ခဲ့သည်။

ယင်းအပြင်တရုတ်နှင့်ဆော်ဒီကုမ္ပဏီများသည် သဘာဝပတ်ဝန်းကျင်မထိခိုက်စေသောစွမ်းအင်၊သတင်းနည်းပညာ၊cloud ဝန်ဆောင်မှုများ၊သယ်ယူပို့ဆောင်ရေး၊ဆောက်လုပ်ရေးနှင့်အခြားကဏ္ဍများအတွက် သဘောတူညီချက် ၃၄ ခုကိုလည်းထပ်မံရေးထိုးခဲ့သေးသည်ဟုသိရှိရသည်။

အရေအတွက်ပမာဏအား အတိအကျထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း အစောပိုင်းတွင်နှစ်နိုင်ငံသည် ဒေါ်လာ ၃၀ ဘီလျံတန်ဖိုးရှိကနဦးသဘောတူညီချက်များကိုပြုလုပ်မည်ဟုလည်းပြောကြားခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here