YBS ယာဉ်မောင်းတစ်ဦးခရီးစဉ်အတွင်း သွေးတိုးသဖြင့် ကားကိုရပ်တန့်ခဲ့ရ ခရီးသည်များမှ ဆေးခန်းလိုက်ပြပေး

0
262

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရာသက်ပန်မှတ်တိုင်အနီးတွင် ယမန်နေ့ (ဒီဇင်ဘာ ၉) ညပိုင်းက YBS နံပါတ် ၉၃ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးသည် ခရီးစဉ်အတွင်း ကားကိုရပ်တန့်ပြီး ယာဉ်ပေါ်မှဆင်းသွားကာ ဆက်လက်မောင်းနှင်ခြင်း မရှိတော့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

YBS 93 ယာဉ်လိုင်းမှ ယာဉ်အမှတ် 2P-6753 သည် ရန်ကုန်ဘူတာကြီးမှ အနောက်ပိုင်းတက္ကသိုလ်သို့ အပြန်ခရီးစဉ်အတွင်း မင်္ဂလာဒုံမြို့နယ် ရာသက်ပန်မှတ်တိုင်အနီးအရောက်တွင်
အသက် (၄၀) နှစ်ခန့်ဝန်းကျင်ရှိသူ ယာဉ်မောင်းဖြစ်သူ ဦးအောင်မင်းဦးသည် ရုတ်တရက်သွေးတိုးလာသဖြင့် ယာဉ်အားဆက်လက်မောင်းနှင်ရန် အဆင်မပြေကြောင်း ယာဉ်လိုင်းတာဝန်ရှိသူထံ ဖုန်းဆက်တင်ပြခဲ့သည်ဟု လူထုမိတ်ဆွေ အများနှင့်သက်ဆိုင်သောကုမ္ပဏီက အသိပေးလာသည်။

ထိုသို့ဖုန်းဆက်တင်ပြခြင်းကို ယာဉ်မောင်းအနီးရှိ ခရီးသွားပြည်သူတစ်ဦးမှ ကြားသိသဖြင့် နီးစပ်ရာဆေးခန်းသို့ ယာဉ်မောင်းအား ကူညီပို့ဆောင်ပေးခဲ့ကြောင်း ထို့နောက် ယာဉ်လိုင်းတာဝန်ရှိသူမှ ဂတ်စ်ထည့်ပြီးပြန်လာသည့် ယာဉ်မောင်း ဦးကျော်မိုးဦးမောင်းနှင်သော YBS 93 မှ ယာဉ်အမှတ် 2P-7341 ဖြင့် ယာဉ်ပေါ်ပါခရီးသွားပြည်သူများအား လိုရာခရီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါခရီးသွားပြည်သူများအနေဖြင့် လမ်းခရီးနှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရခြင်းအတွက် လူထုမိတ်ဆွေယာဉ်လိုင်းမှ လေးစားစွာတောင်းပန်ကြောင်း၊ယာဉ်မောင်း ဦးအောင်မင်းဦး ရုတ်တရက်သွေးတိုးစဉ် နီးစပ်ရာဆေးခန်းသို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့သော ခရီးသွားပြည်သူများအားလုံးကိုလည်း လူထုမိတ်ဆွေယာဉ်လိုင်းအနေဖြင့် ကျေးဇူးအထူးတင်ရှိကြောင်း အသိပေးထားသည်။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here