အမေရိကနှင့်အကျဉ်းသားလဲလှယ်မှုထပ်လုပ်ရန်ရှိသည်ဟု သမ္မတပူတင်ဆို

0
195

မော်စကို၊ဒီဇင်ဘာ ၉

ရုရှားသမ္မတဗလာဒီမာပူတင်က အမေရိကနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုများကို ထပ်မံပြုလုပ်နိုင်ကြောင်း၊ နှစ်နိုင်ငံထောက်လှမ်းရေးများကြား အဆက်အသွယ်ရှိနေဦးမည်ဟုပြောကြားခဲ့သည်။

ရုရှားလက်နက်ရောင်းဝယ်သူ Viktor Bout နှင့် အမေရိကန်ဘတ်စကက်ဘောကစားသမား Brittney Griner လဲပြီး‌နောက်‌နောက်ရက်၌ သမ္မတပူတင်သည် ကာဂျစ္စတန်နိုင်ငံ Bishkek မြို့ရှိ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတပူတင်အား ယခုကဲ့သို့အကျဉ်းသားလဲလှယ်မှုမျိုး ထပ်မံပြုလုပ်ရန်အစီအစဉ်ရှိမရှိမေးရာ၌ အရာအားလုံးဖြစ်နိုင်ပါတယ်၊ဆက်လုပ်သွားဖို့ရှိပါတယ်ဟုပြန်လည်ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် သူလျှိုလုပ်သည့်ပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော အမေရိကန် မရိန်းတပ်ဖွဲ့မှ စစ်ပြန် Paul Whelan ကိုမူ ရုရှားနိုင်ငံမှ ဆက်လက် ထိန်းသိမ်းထားသေးကြောင်းသိရှိရသည်။

မစ္စတာ Whelan လွတ်မြောက်ရေးအတွက်လည်း ဝါရှင်တန်နှင့်မော်စကိုတို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ရုရှားသတင်းအေဂျင်စီ Interfax က ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here