ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ် ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၁၈၀ ကျော်အား ပြန်လည်လွှဲပြောင်းပေး

0
144

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်း ဆီးခံခဲ့ရပြီး ပြစ်ဒဏ်ကျခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၈၇ ဦးအား ဒီဇင်ဘာ ၉ ရက်နေ့လည်ပိုင်းက ပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြသည်။

မြန်မာနိုင်ငံသား အမျိုးသား ၁၃၅ ဦး၊အမျိုးသမီး ၅၂ ဦး(စုစုပေါင်း ၁၈၇ ဦး)တို့အား ရနောင်းခရိုင်တာဝန်ရှိသူများက စက်လှေများဖြင့် ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့သို့ ပို့ဆောင်၍လွှဲပြောင်းအပ်နှံပေးခဲ့ခြင်းဖြစ်သည်။

ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သည့် မြန်မာနိုင်ငံသားများအား ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက ကြိုဆိုလက်ခံပေးခဲ့ကြကြောင်း သိရသည်။

ကြိုဆိုလက်ခံပြီးနောက် တာဝန်ရှိဌာနဆိုင်ရာဝန် ထမ်းများက လွှဲပြောင်းအပ်နှံသူများအနက် မြန် မာနိုင်ငံသားမဟုတ်သူများပါဝင်လာခြင်းရှိ၊မရှိ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်းရှိ၊မရှိတို့အား စစ်ဆေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိနှင့်အခြားကူးစက်ရောဂါများရှိ၊မရှိတို့အား စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ ပြန်လည်လွှဲပြောင်းအပ်နှံသူများအား တာဝန်ရှိသူများ၊လူမှုကူညီရေးအသင်းဝင်များက အစားအသောက်၊ဆေးဝါးပစ္စည်းနှင့်တကိုယ်ရေသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here