အနောက်အုပ်စုအား ယုံကြည်ရမှုဆုံးရှုံးခြင်းက ယူကရိန်းအရေး ဆွေးနွေးမှုပိုခက်ခဲစေနိုင်ဟုသမ္မတပူတင်ပြော

0
145

လန်ဒန်၊ဒီဇင်ဘာ ၁၀

ရုရှားနှင့်အမေရိကန်ထောက်လှမ်းရေးအရာရှိများအချင်းချင်း အဆက်အသွယ်ရှိနေသော်လည်း ရုရှားဘက်မှအနောက်အုပ်စုအပေါ်ယုံကြည်မှု လုံးဝဆုံးရှုံးလုနီးပါးဖြစ်နေပြီဖြစ်ကြောင်း သမ္မတပူတင်ကပြောကြားခဲ့သည်။အဆိုပါအချက်ကြောင့်ပင် ယူကရိန်းအရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများအတွက် ပိုခက်ခဲစေနိုင်သည်ဟုလည်းပြောကြားခဲ့သည်။

ကာဂျစ်မြို့တော် Bishkek ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတပူတင်သည် မင့်စ် သဘောတူညီချက်အား အကောင်အထည်ဖော်ရန်ပျက်ကွက်ခဲ့သည်ကိုရှုံ့ချခဲ့သည်။

အဆိုပါ မင့်စ် သဘောတူညီချက်ဆိုသည်မှာ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များက ရုရှား၊ပြင်သစ်နှင့်ဂျာမဏီတို့က ကြားဝင်စေ့စပ်ပေးခဲ့သည့် ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားထောက်ခံသူအဖွဲ့များနှင့် ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးသဘောတူညီချက်အတွက်ချုပ်ဆိုထားခြင်းဖြစ်ကြောင်းသိရှိသည်။

၎င်းတို့အနေဖြင့် မင့်စ်ငြိမ်းချမ်းရေးသဘောတူညီချက်များ၏ မူဘောင်အတွင်းလုပ်ဆောင်နေပြီး တစ်ဘက်ကမူ ယုံကြည်နိုင်လောက်သည့်အနေအထားမရှိကြောင်းလည်း သမ္မတပူတင်ကပြောကြားခဲ့သည်။သို့သော်လည်း အမေရိကနှင့် ရုရှားတို့ကြား ဆက်သွယ်မှုရှိနေမည်ဖြစ်ကြောင်းနှင့် အကျဉ်းသားလဲလှယ်မှုအတွက် ရုရှားဘက်မှအဆင်သင့်ရှိနေကြောင်းလည်းပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၄ ရက်နေ့က ရုရှားနိုင်ငံခြားထောက်လှမ်းရေးအကြီးအကဲနှင့် အမေရိကထောက်လှမ်းရေးအေဂျင်စီမှ ဒါရိုက်တာတို့တွေ့ဆုံခဲ့သည်ဟုဆိုသော်လည်း အမေရိကဘက်မှရောက်မလာခဲ့ကြောင်းသိရှိရသည်။

အမေရိကန်ကိုယ်စားလှယ်တက်ရောက်ခြင်းမရှိသော်လည်း ယူကရိန်း၌နျူမသုံးရန်ကိုမူ တင်းတင်းကျပ်ကျပ်သတိပေးခဲ့ပြီး ရုရှား၌ထိန်းသိမ်းခံထားရသည့် အမေရိကန်လူမျိုးများအတွက်လည်း ထည့်သွင်းပြောကြားခဲ့သည်ဟုဆိုထားသည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here