အသက် ၂၅ နှစ်အောက် လူငယ်များအတွက် ကွန်ဒုံးအခမဲ့ ရအောင် လုပ်သွားမည်ဟု ပြင်သစ်သမ္မတမက်ခရွန်ကြေညာ

0
254

ပါရီ၊ ဒီဇင်ဘာ ၁၀

ပြင်သစ်သမ္မတ မက်ခရွန်က ပြင်သစ်သည် ၂၀၂၃ ခုနှစ်မှစ၍ အသက် ၂၅ နှစ်အောက် မည်သူမဆို ဆေးဆိုင်များတွင် ကွန်ဒုံး အခမဲ့ ရနိုင်အောင် ပြုလုပ်ပေးမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၉ ရက် သောကြာနေ့က ကြေညာခဲ့သည်။

အဆိုပါလှုပ်ရှားမှုသည် အစိုးရက လူငယ်များကြား လိင်မှတဆင့် ကူးစက်သော ရောဂါများ တိုးလာနေကြောင်းနှင့် ယခုနှစ်တွင် ပုံမှန်မဟုတ်သော ငွေကြေးဖောင်းပွမှုကြောင့် ပြင်သစ် အောက်ခြေလူတန်းစားများ၏ ငွေသုံးစွဲနိုင်စွမ်းကို သိသိသာသာ ထိခိုက်လာကြောင်း ပြောကြားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇန်နဝါရီ ၁ ရက်မှစတင်၍ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား လူငယ်များသည် ကွန်ဒုံးများကို ဆေးဆိုင်များတွင် အခမဲ့ရယူနိုင်မည်ဖြစ်ကြောင်း မက်ခရွန်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

သို့ရာတွင် ပြင်သစ် တီဗွီ အစီအစဉ်တင်ဆက်သူနှင့် အခြားသူများက အခမဲ့ကွန်ဒုံးစီမံချက်တွင် အသက်မပြည့်သေးသူများအား ထည့်သွင်းခြင်း မပြုခဲ့သည့်အပေါ် စောဒကတက်ခဲ့ရာ မက်ခရွန်က အစီအစဉ်ကို တိုးချဲ့ရန် သဘောတူခဲ့သည်။

“အရွယ်မရောက်သေးသူ တော်တော်များများကလည်း လိင်ဆက်ဆံကြတယ်၊ သူတို့လည်း သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ လိုအပ်တာပေါ့” ဟူ၍ မက်ခရွန်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

Source: CNA

Photo :AP


LEAVE A REPLY

Please enter your comment!
Please enter your name here