ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလ ယာယီဌာနေ ညှိနှိုင်းရေးမှူးတို့ ပူးပေါင်းဆောင်ရွက်မှုများအတွက်ဆွေးနွေး

0
199

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့် အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုများအတွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ အကြား ဆက်သွယ်ရာဗဟိုဌာနအဖြစ် ပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာနှင့် ပြည်တွင်းနေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံဆိုင်ရာ အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here