ထိုင်းလက်ရွေးစင်ဘောလုံးအသင်းသည် အသင်းကောင်းတစ်သင်းဖြစ်၍ အကောင်းဆုံးယှဉ်ပြိုင် ကစားသွားမည်ဟု မြန်မာ့လက်ရွေးစင်နည်းပြချုပ်ပြော

0
182

မြန့်လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ်အန်တွမ်နီဟေးက ထိုင်းလက်ရွေးစင်ဘောလုံးအသင်းနှင့်ခြေစမ်းပွဲယှဥ်ပြိုင်ကစားခြင်းမပြုမီ ဒီဇင်ဘာ ၁၀ ရက်(ယနေ့)မွန်းလွဲ ၂ နာရီ၌ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ထိုင်းနိုင်ငံရှိ သမ်မာဆက်အားကစားကွင်း၌ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့်နောက်ခံလူရဲမင်းသူ(ရှမ်းယူနိုက်တက်) တို့တက်ရောက်ဖြေကြားခဲ့သည်။

“ထိုင်းလက်ရွေးစင်အသင်းနဲ့ခြေစမ်းပွဲက ကျွန် တော်တို့ နှစ်သင်းစလုံးယှဉ်ပြိုင်ရမယ့် AFF Mitsubishi Ecectric Cup 2022 အတွက်ကောင်း မွန်တဲ့ပြင်ဆင်မှုတစ်ရပ်ဖြစ်ပါတယ် ထိုင်းအသင်းက အသင်းကောင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမှာပါ”ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်ကစားသမား ရဲမင်းသူကလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အကောင်းဆုံးလေ့ကျင့်ပြင်ဆင်လျက်ရှိကာ အ သင်းသားများမှာလည်း အကောင်းဆုံးအနေအ ထားရှိပြီး အသင်းဖော်ချင်းယုံကြည်မှုရှိကာ အ သင်းကောင်းတစ်သင်းဖြစ်သည့် ထိုင်းလက်ရွေး စင်ဘောလုံးအသင်းအား လေးစားမှုနှင့်အ ကောင်းဆုံးယှဥ်ပြိုင်သွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခြင်းမပြုမီ နိုင်ငံတကာခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားခဲ့ပြီး အနိုင်ရလဒ်များရရှိခဲ့ကာ ဒီဇင် ဘာ ၁၁ ရက်(မနက်ဖြန်)ည ၉ နာရီ၌ Thammasat Stadium ကွင်းတွင် ထိုင်းလက်ရွေးစင်အသင်းနှင့်ပွဲစဥ်သည် ခြေစမ်းပွဲနောက်ဆုံးပွဲစဥ်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ထိုင်းလက်ရွေးစင်အသင်းနှင့်ခြေစမ်းပွဲယှဥ်ပြိုင်ကစားပြီးပါက AFF Mitsubishi Electric Cup 2022 အုပ်စုပွဲစဉ်၏ အဖွင့်ပွဲအဖြစ် ဒီဇင်ဘာ ၂၁ ရက်တွင် မလေးရှားလက်ရွေးစင်ဘောလုံးအသင်းနှင့် ရန်ကုန်မြို့၊သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here