ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မစ္စ ရှိက်ဟာဆီနာအား လူပေါင်း ထောင်သောင်းချီ၍ ဆန့်ကျင်ဆန္ဒပြ

0
219

ယနေ့ စနေနေ့တွင် ဒါကာမြို့၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လက်ရှိ အာဏာရပါတီ၏ အတိုက်အခံဖြစ်သော ဘင်္ဂလားဒေ့ရှ် မျိုးချစ်ပါတီ(Bangladesh Nationalist Party – BNP)ကို ထောက်ခံသူ ထောင်သောင်းချီ၍ ဝန်ကြီးချုပ် မစ္စ ရှိက်ဟာဆီနာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ လူအုပ်ကြီးသည် Golapbagh အားကစားကွင်းတွင်စုဝေးကာ ကြွေးကျော်သံများ အော်ဟစ်လျှက် ယင်းနေရာမှတစ်ဆင့် လမ်းမများပေါ်သို့ ဖြန့်ကျက်ရောက်ရှိလာကြကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

BNP ပါတီ၏ ဌာနချုပ်ကို လုံခြုံရေးတပ်ဖွဲ့များက ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဝင်ရောက်စီးနင်းခဲ့ရာ လူ တစ်ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ရာမှ တင်းမာမှုများမြင့်မားလာခြင်းဖြစ်သည်။

BNP ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ၂ဦးတို့ကို အကြမ်းဖက်လှုံ့ဆော်မှု စွဲချက်ဖြင့် သောကြာနေ့ကဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် ဆန္ဒပြပွဲများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ထိန်းသိမ်းမှုများပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ယနေ့အထိ တက်ကြွလှုပ်ရှားသူများနှင့် ထောက်ခံသူများ ၂၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း BNP ပါတီက ဆိုသည်။

“ကျွန်တော်တို့ရဲ့ အဓိက တောင်းဆိုချက်ကတော့ ရှိက်ဟာဆီနာ ရာထူးက နုတ်ထွက်ပြီး လွှတ်တော်ကို ဖျက်သိမ်းကာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့နဲ့၊ အဲဒီကြားကာလမှာ ကြားနေအိမ်စောင့်အစိုးရက တိုင်းပြည်ကိုထိမ်းသိမ်းထားခွင့်ပြုဖို့ပါ” ဟု BNP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ Zahiruddin Swapan က AFP သတင်းဌာကို ပြောသည်။

စနေနေ့ နံနက်ပိုင်းတွင် လူပေါင်း ၂သိန်းခန့် စုဝေးခဲ့ကြသည်ဟု BNP ပါတီ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဒါကာမြို့တော်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Faruq Ahmed ကမူ အဆိုပါ ကိန်းဂဏာန်းမှာ မဟုတ်မှန်ကြောင့်နှင့် လူစုလူဝေးပြုလုပ်သည်ဆိုသောနေရာတွင်ရှိသော လူဦးရေသည် လူ ၃သောင်းထက် မပိုနိုင်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here