နိုင်ငံသူ နိုင်ငံသားအားလုံး၏ လူမှုစီးပွားဘဝတိုးတက်ဖွံ့ ဖြိုးလာရန် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းဖို့လိုအပ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
169

နိုင်ငံသူနိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ခံ စားရပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် တစ် နိုင်ငံလုံး တည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ (၁၀)ရက် နံနက်ပိုင်းက နေပြည်တော်တွင် ပြုလု ပ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်း အနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံသူနိုင်ငံသားများ အခြေခံအခွင့်အရေးများကို ခံ စားရရှိပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရေးတကလည်း အဓိကကျတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး ကျင့်သုံးလိုက်နာပူးပေါင်း ဆောင်ရွက်နိုင်ရန်အ တွက် အဓိကကျသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ ရေး သဘောတူစာချုပ်များတွင် လက်မှတ်ရေးထိုးထားကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လည်း အလေးအနက်ထား တိုက် တွန်းလိုကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် နစက အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ၊ တန်းတူညီမျှရေးနှင့် အမျိုး သား စည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အလေးပေးဆောင်ရွက်နေကြော င်းလည်း ထည့်သွင့်ပြောကြားခဲ့သည်။

လူ့အခွင့်အရေးကို ကျင့်သုံးရာတွင် မိမိတို့၏ လွတ်လပ် ခွင့်နှင့် အခွင့်အရေးများကို ရယူသကဲ့သို့ သူတစ်ပါး ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုလည်း လေးစားတန် ဖိုးထားပြီး လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ကျင့်ဝတ်များကိုလည်း လစ်လျူမရှုကြရန်၊ မပျက်ကွက်ကြရန်လိုကြောင်းလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆို င်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်၍ လက်မှတ်ရေးထိုးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here