တက်စလာ ကုမ္ပဏီ၏ တန်ဖိုး ထက်ဝက်နီးပါး ကျဆင်းမှုကြောင့် ကမ္ဘာ့အချမ်းသာဆုံး ဂုဏ်ပုဒ်ကို ဆုံးရှုံးရနိုင်သည့် အီလွန်မတ်စ်

0
230

အီလွန်မတ်စ်သည် တွစ်တာကို ဝယ်ယူရန် ဈေးကမ်းလှမ်းခဲ့သည့် ဧပြီလမှစ၍ သူ၏ လျှပ်စစ်ကား ကုမ္ပဏီဖြစ်သော တက်စလာ၏ ဈေးကွက်တန်ဖိုးမှာ ထက်ဝက်နီးပါး ကျဆင်းလာခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဟူသော ဂုဏ်ပုဒ်ကို လက်လွှဲရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

တွစ်တာအား ဒေါ်လာ ၄၃ ဒသမ ၄ ဘီလျံဖြင့် ဝယ်ယူမည်ဟု ထုတ်ဖော်မပြောကြားမီ တစ်ရက်အလို ဧပြီလ ၁၃ ရက်တွင် တက်စလာသည် အစုရှယ်ယာတစ်ခုလျှင် ၃၄၀ ဒသမ ၇၉ ဒေါ်လာနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ထို့နောက် တက်စလာ၏ အစုရှယ်ယာဈေးနှုန်းသည် ရှယ်ယာတစ်ခုလျှင် ၁၇၃ ဒသမ ၄၄ ဒေါ်လာဖြင့် ၄၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ 

အီလွန်သည် တွစ်တာကို ဝယ်ယူရန်အတွက် ဧပြီလကတည်းက ဒေါ်လာ ၂၀ ဘီလျံ တန်ဖိုးရှိ တက်စလာရှယ်ယာများကို ရောင်းချခဲ့သည်။

ယခုလက်ရှိ အီလွန်သည် အစုရှယ်ယာပေါင်း ၄၄၅ သန်း ပိုင်ဆိုင်ထားသော်လည်း ရှယ်ယာ ဈေးနှုန်း ကျဆင်းမှုကြောင့် မူလတန်ဖိုး ၁၅၁ ဘီလျံမှ ယခုအခါ ၇၇ ဘီလျံသာ ကျန်ရှိတော့သည်။

ဆိုလိုသည်မှာ အီလွန်သည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဟူသည့် ဂုဏ်ပုဒ်ကို ဆုံးရှုံးနိုင်ချေ ရှိနေပြီး သူ၏နောက်တွင် ဒုတိယနေရာမှ ကပ်လိုက်နေသူမှာ ပြင်သစ် ဇိမ်ခံလုပ်ငန်း အုပ်စု LVMH ၏ အမှုဆောင်အရာရှိချုပ် ဘဲလ်နောက် အာနို ဖြစ်သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here