မြဝတီမြို့တွင် ရင်ဘတ်၌ထိုးသွင်းဒဏ်ရာဖြင့်လဲ ကျနေသည့် အမျိုးသားတစ်ဦးအား ယနေ့နံနက်အစောပိုင်းကတွေ့ရှိ

0
358

ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်တွင် ဒီဇင်ဘာ ၁၁ ရက်(ယနေ့)နံနက်အစောပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အလင်းသစ်လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၄ နာရီခွဲခန့်က အမှတ်(၄)ရပ်ကွက်၊ပြည်သာယာ(၄)လမ်း၊လမ်းသွယ်(၁)တွင် ဒဏ်ရာများဖြင့်လဲကျနေသည့် အမျိုးသားတစ်ဦးတွေ့ရှိကြောင်း သတင်းအရ အလင်းသစ်လူမှုကူညီရေးအသင်းမှကူညီရန်သွားရောက်ခဲ့ကြသည်။

“ဖုန်းသတင်းရတာနဲ့ချက်ခြင်းသွားပြီး ကူညီပေးခဲ့တာပါ လူနာက ရင်ဘတ်မှာ ပုလင်းကိုခွဲပြီးထိုးထားတဲ့ဒဏ်ရာနဲ့လဲကျနေတာ တွေ့တဲ့နေရာမှာပဲအရေးပေါ်ကုသပေးပြီးမှ ဆေးရုံပို့ပေးခဲ့တာပါ”ဟု အလင်းသစ်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကိုအောင်ဇော်ဦးကပြောသည်။

ဒဏ်ရာဖြင့်လဲကျနေသည့် အမျိုးသားသည် အ သက်(၄၅)နှစ်အရွယ်ခန့်ရှိကာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အလင်းသစ်လူမှုကူညီရေးအသင်းမှ မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လူနာကသွေးထွက်များတယ် တွေ့တဲ့အချိန်နောက်ကြရင် သူ့အတွက်မကောင်းဘူး ဆေးရုံကိုအချိန်မီပို့ပြီးကုသပေးနိုင်ခဲ့တဲ့အတွက် စိုးရိမ်ရအနေအထားတော့မဟုတ်တော့ပါဘူး”ဟု အလင်းသစ်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကိုအောင်ဇော်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here