ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီအား နိုင်ငံ တော်တာဝန်လွှဲပြောင်းပေးနိုင်ရန် လူဦးရေစာရင်းမှန်ကန်ရေးသည်အရေးကြီးဟု ပြည်ထောင်စုဝန် ကြီးဦးမြင့်ကြိုင်ပြော

0
140

ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကောက်ယူလျက်ရှိသည့် လူဦးရေစာရင်းမှန်ကန်ရေးနှင့်ပတ်သက်၍ လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန် ဖွဲ့စည်းထားသည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာ ဝန်လွှဲပြောင်းပေးနိုင်ရန် လူဦးရေစာရင်းမှန်ကန်ရေးသည် လွန်စွာအရေးကြီးသည်ဟု ပြောသည်။

“လူဦးရေစာရင်းမှန်ကန်မှသာ အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်မှာဖြစ်ပါတယ် ဒါ့ကြောင့် ၂၀၂၂ ခုနှစ်၊ဇွန်လကစပြီး နိုင်ငံသားကတ်ပြားထုတ်ပေးတာ မှတ်ပုံတင်စာအုပ်(နိုင်-၄)မှတ်တမ်းတွေကို ပထမအဆင့်အနေနဲ့လုပ်ဆောင်ခဲ့ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ပြင် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) ပါ အချက်အလက်များအား ဒုတိယအဆင့်အနေ ဖြင့် နည်းပညာအသုံးပြု၍ နေပြည်တော်ရုံးချုပ်ရှိ Server အတွင်းသို့ ဖြည့်သွင်းခြင်းလုပ်ငန်းကိုဆောင်ရွက်ပြီးစီးခဲ့သည်ဟု ပြောသည်။

“အဲဒီစာရင်းတွေကိုပေါ် မူတည်ပြီး တတိယအဆင့်အနေနဲ့ လူဦးရေစာရင်းမှန်ကန်စေဖို့အတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကြရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ယင်း လုပ်ငန်းစဉ်သည် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့်ဆောင်ရွက်မည့် နိုင်ငံတော်စီမံချက်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here