သီပေါတွင် အမျိုးသမီးကြီးတစ်ဦးလိုက် ပါလာသည့် ဆိုင်ကယ်ပေါ်မှ စိတ်ကြွဆေးပြား ၂ သိန်းဖမ်းမိ

0
245

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊သီပေါမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၀ ရက်မွန်းတည့်ပိုင်းက ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် သီပေါမြို့နယ်၊ခိုလုံကျေးရွာ၊(၉)မိုင်လမ်းခွဲတွင် သုခအောင်(၃၇)နှစ်မောင်းကာ ဒေါ်ညိုညိုစိန်(ခ)ဒေါ်ညို(၅၇)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်အားစစ်ဆေးခဲ့ကြသည်။

ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် ပ လတ်စတစ်ပုံးများအတွင်းမှ ၎င်းတို့အတူတကွသယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၂၀၀၀၀၀ ပြားအားဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် သီပေါမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျပ်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here