မြန်မာ့လက်ရွေးစင်အသင်း ထိုင်း အသင်းကို ၆ ဂိုး ဂိုး မရှိဖြင့်ရှုံးနိမ့်

0
262

မြန်မာ့လက်ရွေးစင် အသင်းနှင့် ထိုင်းလက်ရွေးစင်အသင်း တို့ ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ၆ ဂိုး ဂိုးမရှိဖြင့် မြန်မာအသင်းကို အနိုင်ရရှိခဲ့သည်။

ယနေ့ မြန်မာစံတော်ချိန် ည (၈)နာရီ အချိန်ကထိုင်းနိုင်ငံ ဘန်ကောက်မြို့ သမ်မာဆက် ကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ထိုင်းအသင်းသည် မြန်မာအသင်းကို ပထမပိုင်းတွင်ပင် ၄ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးချိန်တွင် ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် AFF Mitsubishi Electric Cup 2022 အတွက်ပြင်ဆင်ကစားခြင်းဖြစ်ပြီး အုပ်စုပွဲစဉ် အဖွင့်ပွဲအဖြစ် မလေးရှား အသင်းနှင့် လာမည့် ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားရမည် ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here