ကာတာမှကျင်းပနေတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိနေပြီဖြစ်ပြီး ကစားပွဲ (၄) ပွဲသာ ကျန်ရှိ

0
232

ကာတာမှကျင်းပနေတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိနေပြီဖြစ်ပြီး ကစားပွဲ (၄) ပွဲသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းတွေကတော့ ပြင်သစ်၊ အာဂျင်တီး၊ ခရိုအေးရှားနဲ့ မော်ရိုကိုတို့ပဲ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ လက်ရှိကမ္ဘာ့ဖလား ချန်ပီယံဖြစ်ပြီး ဒီနှစ်မှာလည်း ကမ္ဘာ့ဖလားကို ရယူနိုင်မယ်ဆိုရင် သမိုင်းတစ်လျောက် ချန်ပီယံဆုကို ကာကွယ်နိုင်မယ့် ပထမ‌ဆုံးအသင်း ဖြစ်လာမှာဖြစ်ပါတယ်။

ခရိုအေးရှားအသင်းကတော့ လက်ရှိကမ္ဘာ့ဖလား ဒုတိယရ အသင်းဖြစ်ပြီး ကမ္ဘာ့ဖလားရခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားရရှိဖူးတဲ့ အသင်းသစ်တိုးလာမှာဖြစ်ပါတယ်။

အာဂျင်တီးနားဟာလည်း ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ဖို့ ဒုတိယရေပန်းအစားဆုံးအသင်းဖြစ်ပြီးတော့ GOAT လို့တင်စားခေါ်ဝေါ်ရတဲ့မက်ဆီရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲလည်းဖြစ်တာကြောင့် အနိုင်နဲ့ပိုင်းသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

အာဖရိက သမိုင်းမှာ ပထမဆုံးဆီမီးဖိုင်နယ်ကို တက်ရောက်လာတဲ့ အသင်းဖြစ်တဲ့ မော်ရိုကိုဟာလည်း ပေါ်တူဂီအနိုင်ယူနိုင်ခဲ့သလို နောက်ဆုံးကန်ခဲ့တဲ့ (၅) ပွဲမှာ ပေးဂိုး (၁) ဂိုးသာ ရှိခဲ့ပြီး အဲ့ဒီဂိုးဟာလည်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်တာကြောင့် ခံစစ်အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပြီး မှတ်တမ်းကောင်းများထပ်မံရရှိမလားဆိုတာ ရင်ခုန်စရာပါပဲ။

၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ်

အာဂျင်တီးနား နဲ့ ခရိုအေးရှား က 

(မြန်မာစံတော်ချိန်၊ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက် ၁ နာရီ ၃၀ မိနစ်)

ပြင်သစ် နဲ့ မော်ရိုကို က

(မြန်မာစံတော်ချိန်၊ ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၁ နာရီ ၃၀ မိနစ်) မှာယှဉ်ပြိုင်မှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here