ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီသည်နယ်လှည့်၍ ပါတီဝင်များနှင့်တွေ့ဆုံနေရာ ဒီဇင်ဘာ ၉ ရက် နေ့တွင် ပဲခူးသို့ ရောက်ရှိပြီး လူမှုရေး အသင်းအဖွဲ့အချို့မှတာဝန်ရှိသူများ နှင့်ပါ တွေ့ဆုံခဲ့သည်။
ပဲခူးမြို့ တွေ့ဆုံဆွေးနွေးပွဲသို့ယခင်ကဝန်ကြီးများဖြစ်ကြသောဝန်ကြီး(ငြိမ်း) ဦးအောင်မင်း၊ ဝန်ကြီး(ငြိမ်း) ဦးဉာဏ်ဝင်းနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် (ဟောင်း)ဦးဇော်မင်းတို့ပါလာရောက်ဆွေးနွေး အကြံပြုခဲ့ကြသည်။
ကျောက်တံခါးအပါအဝင် ဝန်းကျင်တစ်ဝိုက်မှ လာရောက်ကြသော အိန္ဒိယနွယ်ဖွား ဟိန္ဒူဗုဒ္ဓဘာသာဝင်များသိလိုသည့် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ဆိုင်ရာ အချက်အလက်များနှင့် နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များအားလည်းရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ပဲခူးမြို့ပေါ်အခြေစိုက် နိုင်ငံရေးပါတီများ နှင့်လည်း ဆက်လက်တွေ့ဆုံခဲ့ပြီး အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။