ဆိုင်ကယ်ကယ်ရီမောင်းသူနှင့်ခရီးသည်မိန်းကလေးတို့အားဓားဖြင့်လှီး၍ ဆိုင်ကယ်အားလု ယက်ယူဆောင်သွားခဲ့မှု မော်လမြိုင်မြို့တွင်ဖြစ်ပွား

0
310

မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ အုတ်ဖိုပတ်လမ်းတွင် ဒီဇင်ဘာ ၁၁ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့အခြေစိုက် ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယင်းနေ့ည ၁၁ နာရီ ၅၀ မိနစ်ခန့်က မော်လမြိုင်မြို့ရှိ အုတ်ဖိုပတ်လမ်းတွင် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ ဓားဒဏ်ရာများဖြင့်လဲကျနေကြောင်း သတင်းအရ ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီရန်သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ ဆိုင်ကယ်ကယ်ရီမောင်းသည့် အမျိုးသားမှာ လည်ပင်းပြတ်ရှနှင့်ရင်ဘတ်တွင်ထိုးသွင်းဒဏ်ရာ၊ ခရီးသည်အမျိုးသမီးတွင် လည်ပင်းပြတ်ရှ၊နားရွက်ပြတ်ရှဒဏ်ရာများရရှိထားသဖြင့် အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြသည်။

ထို့နောက် ဓားဒဏ်ရာများရရှိထားသူနှစ်ဦးအား ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။

“ဆေးရုံပို့ပေးတဲ့အချိန် ဆိုင်ကယ်လုခံရတဲ့ကယ်ရီမောင်းသမားပြောပြချက်အရဆိုရင် ဆိုင်ကယ်လုသွားတဲ့လူက သူ့သူငယ်ချင်းလို့ပြောတယ် ရန်ငြှိုးရန်စမရှိဘူးတဲ့ ၂ ယောက်လုံးကသွေးထွက်များနေလို့ သွေးလှူအသင်းတွေနဲ့ချိတ်ဆက်ပေးထားပါတယ် အသက်အန္တရာယ်ကတော့မစိုးရိမ်ရပါဘူး ဖြစ်စဥ်တစ်ခုလုံးကို ရဲတပ်ဖွဲ့ကစစ်ဆေးနေပါတယ်”ဟု ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအ ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here