တရုတ်၏သွင်းကုန်တားမြစ်မှုအသစ်အား ထိုင်ဝမ်ဝန်ကြီးချုပ်ရှုံ့ချ

0
239

တိုင်ပေ၊ဒီဇင်ဘာ ၁၁

တရုတ်နိုင်ငံဘက်မှ ထိုင်ဝမ်သွင်းကုန်များကို တားမြစ်လိုက်ခြင်းသည် နိုင်ငံတကာကုန်သွယ်ရေးနည်းဥပဒေများကိုချိုးဖောက်ကာ ကျွန်းနိုင်ငံအား ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု ထိုင်ဝမ်ဝန်ကြီးချုပ်ကဆိုသည်။

ထိုင်ဝမ်ဘဏ္ဍာရေးဝန်ကြီးဌာန၏အဆိုအရ တရုတ်အကောက်ခွန်အာဏာပိုင်များသည် ထိုင်ဝမ်မှအရက်နှင့်ယမကာအချို့တင်သွင်းမှုအား ရုတ်တရက်ရပ်ဆိုင်းလိုက်ကြောင်းသိရှိရသည်။

ယခုလုပ်ဆောင်ချက်သည် ဇန်နဝါရီလ ၁ ရက်နေ့က ပေကျင်းချမှတ်ခဲ့သော အစားအသောက်နှင့်ယမကာတင်သွင်းသူအားလုံးသည် တရုတ်အကောက်ခွန်သို့ တင်ပြရမည်ဟူသောစည်းမျဉ်းနှင့်ဆက်စပ်နေသည်ဟုဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ထိုင်ဝမ်ဝန်ကြီးချုပ်မစ္စတာ Su Tseng-chang က ပေကျင်းသည် ကိုယ်ပိုင်စည်းမျဉ်းများချမှတ်ကာ ကုန်သွယ်ရေးကို အုပ်ချုပ်ရေးနည်းလမ်းဖြင့် ဝင်ရောက်စွက်ဖက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စံနှုန်းများကိုချိုးဖောက်နေသည်ဟုဆိုခဲ့သည်။

“တရုတ်ကထိုင်ဝမ်ကိုဆို အထူးတင်းမာပြီး တမင်ဖိနှိပ်နေတာပါ၊ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ထိန်းချုပ်‌ချင်နေတာပါ” ဟု ဝန်ကြီးချုပ်ကဆိုသည်။

ယခုကိစ္စအတွက်ထိုင်ဝမ်အ‌နေဖြင့် WTO သို့ အယူခံဝင်ရန်စီစဉ်နေပြီး ထိခိုက်နေသော စီးပွားရေးလုပ်ငန်းများကို ကူညီပေးမည်ဖြစ်ကြောင်းလည်းဆက်လက်ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ယမန်နှစ်က ကန်ဒေါ်လာ သန်း ၂၅၀ တန်ဖိုးရှိ အဖျော်ယမကာများနှင့် အရက်ပစ္စည်းများအား ဒေါ်လာ ၄၃ ဒသမ ၄ သန်းကို တရုတ်နိုင်ငံသို့ရောင်းချခဲ့ကြောင်း အချက်အလက်များအရသိရသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here