ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့၊ အမှတ်(၂) ပြည်ထောင်စုလမ်းမကြီးတွင် ကားတစ်စီးချောက်ထဲထိုးကျပြီး ယာဉ်မောင်းသေဆုံး

0
258

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့၊ အမှတ်(၂) ပြည်ထောင်စုလမ်းမကြီးတွင် ယနေ့ (ဒီဇင်ဘာလ ၁၂ ရက် ) နံနက်ပိုင်းက ကားတစ်စီးချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းသေဆုံးသွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မိုင်းပျဉ်းမြို့နယ်၊ အမှတ်(၂) ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (544Km-545Km) ကြားတွင် နံနက် ၁၀ နာရီအချိန်ခန့်က တိုရိုတာ Wish အမျိုးအစား (အဖြူရောင်) ယာဉ် (၁) စီးသည် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့‌ခြင်းဖြစ်သည်။

ထို့ကြောင့် မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်းကျား(၁)ဦး(သေဆုံး)အား ပရဟိတရှမ်းလူငယ်အသင်းယာဉ်ဖြင့် မိုင်းပျဉ်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here