ရုရှားက ဖျက်အားအပြင်းဆုံး လက်နက်များကို တိုးမြှင့်ထုတ်လုပ်နေဟု ရုရှားသမ္မတဟောင်းဆို

0
209

မော်စကို၊ ဒီဇင်ဘာ၁၁

ရုရှားသည် ဥရောပ၊ အမေရိကနှင့် ဩစတြေးလျရှိ ရန်သူများမှ မိမိကိုယ်ကို ကာကွယ်နိုင်ရန်အတွက် မျိုးဆက်သစ် လက်နက်များ ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဖ်က ဒီဇင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့က ပြောခဲ့သည်။

“ကျွန်တော်တို့ဟာ ဖျက်အားအပြင်းဆုံး လက်နက်အမျိုးမျိုးကို တိုးမြှင့် ထုတ်လုပ်နေပါတယ်၊ ရန်သူတွေဟာ ကျွန်တော်တို့ရဲ့ ဇာတိမြေ ဖြစ်တဲ့ မာလာရော်ဆီးရားရှိ ကိယက်ဗ်ပြည်နယ်မှာသာမက ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ နယူးဇီးလန်နဲ့ နာဇီကို သစ္စာခံထားတဲ့ အခြားနေရာတော်တော်များမှာ ခြေကုပ်ယူထားပါတယ်” ဟု သမ္မတဟောင်းက တယ်လီဂရမ်ပေါ်တွင် ရေးသားခဲ့သည်။

မာလာရော်ဆီးရားဆိုသည်မှာ ဆိုဗီယက်ပြည်ထောင်စုခေတ်က ယူကရိန်းကို ခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်သည်။

ယခုလက်ရှိ ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်နေသော မက်ဗီဒက်ဖ်က မည်သည့်လက်နက်များ ထုတ်လုပ်နေသည်ကိုမူ အသေးစိတ်ပြောကြားခဲ့ခြင်း မရှိပေ။

ပူတင်ကလည်း ရုရှားသည် အသံထက်မြန်သည့် လက်နက်များအပါအဝင် လက်ရှိ ဒုံးကျည် ကာကွယ်ရေးစနစ်အားလုံးကို ထိုးဖောက်ဝင်ရောက်နိုင်သည့် လက်နက်အမျိုးအစားသစ်များကို တီထွင်နေကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here