မန္တလေးတွင်မြဝတီဘဏ်အား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၊ ပေါက်ကွဲမှုမဖြစ်ခဲ့

0
278

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်ရှိ မြဝတီဘဏ်အား အမည်မသိအမျိုးသား ၂ ဦးက ဒီဇင် ဘာ ၁၂ ရက်(ယနေ့)နံနက်ပိုင်းက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့သည်ဟု သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က CZI(အနက်ရောင်) ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးက ချမ်းမြသာစည်မြို့ နယ်၊ချမ်းမြသာစည်တောင်ရပ်ကွက်၊မြနန္ဒာလမ်းနှင့်စစ်ကိုင်းလမ်းခွဲကြားရှိ မြဝတီဘဏ်အား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“ဆိုင်ကယ်က မြောက်ဘက်ကနေတောင်ဘက်ကိုမောင်းလာတာ ဆိုင်ကယ်နောက်မှာထိုင်လိုက်လာတဲ့လူက လက်ပစ်ဗုံးနဲ့ပစ်လိုက်တယ် ပေါက်ကွဲတာတော့မဖြစ်ခဲ့ပါဘူး အဲဒီအချိန် အဲဒီနားမှာဖြတ်သွားဖြတ်လာတွေလည်း အများကြီးရှိတယ် အဲဒီလမ်းက စက်ဘီးနဲ့ဆိုင်ကယ်တွေပဲသွားရတဲ့လမ်းပါ”ဟု လုံခြုံရေးအထွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်၌ ပေါက်ကွဲမှုမဖြစ်ခဲ့သည့် လက်ပစ်ဗုံးကို လုံခြုံရေးအဖွဲ့ဝင်များက လမ်းအားယာယီပိတ်၍ အကာအရံများပြုလုပ်ကာ ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။

Photo-MDY image


LEAVE A REPLY

Please enter your comment!
Please enter your name here