ပြောင်းအိတ်များတင်လာသည့် ထော်လာဂျီရှေ့ဘီးကျွတ်ထွက်ပြီးလမ်းဘေးထိုးကျ၍ ၇ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့မှု ကျောက်မဲမြို့နယ်တွင်ဖြစ်ပွား

0
274

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်ရှိ နောင်ပိန်-ပုံဝိုးသွားကားလမ်းတွင် ဒီဇင်ဘာ ၁၂ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နေ့လည် ၁ နာရီကျော်ခန့်က ပြောင်းအိတ်များဆင်ဆောင်မောင်းနှင်လာသည့် ထော်လာဂျီသည် နောင်ပိန်-ပုံဝိုးသွားကားလမ်း၏ ကုန်ညောင်ကျေးရွာနှင့်ဘီလူးမကျေးရွာကြားအရောက် ရှေ့ဘယ်ဖက်ဘီးကျွတ်ထွက်၍ လမ်းဘေးသို့ထိုးကျသွားခဲ့သည်။

ဖြစ်စဥ်တွင် ထော်လာဂျီပေါ်၌လိုက်ပါလာသူ ၇ ဦးတွင်ထိခိုက်ဒဏ်ရာများရရှိကြောင်း သတင်းအရ ကမ်းလင့်လက်များလူမှုကူညီရေးအသင်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ကြသည်။

“ထော်လာဂျီပေါ်မှာက ၇ ယောက်ပါတယ် ဘီးကျွတ်ထွက်ပြီးလမ်းဘေးထိုးကျတော့ လိုက်လာတဲ့လူတွေအကုန်လုံးလမ်းဘေးကိုလွင့်ကျသွားကြတာပေါ့ စိုးရိမ်ရတဲ့အခြေအနေတွေမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရသူ ၇ ဦးအား ကမ်းလင့်လက်များလူမှုကူညီရေးအသင်းက နောင်ပိန်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီးနောက် ဓာတ်မှန်ရိုက်ရန်လိုအပ်သည့် လူနာ ၅ ဦးအား ကျောက်မဲမြို့ဆေးရုံသို့ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo-ကမ်းလင့်လက်များ


LEAVE A REPLY

Please enter your comment!
Please enter your name here