နှစ်နိုင်ငံကုန်သွယ်မှု၊ရင်းနှီး မြှုပ်နှံမှုနှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင် ရွက်ရန် နစက ဥက္ကဋ္ဌနှင့်ကမ္ဘောဒီးယားသံအမတ်ကြီးတို့တွေ့ဆုံဆွေးနွေး

0
167

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုများပြုလုပ်ရန် နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna တို့ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

နစက ဥက္ကဋ္ဌက မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna အား ဒီဇင်ဘာ ၁၂ ရက်(ယနေ့)မွန်းလွဲပိုင်းက နေ ပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံချစ် ကြည်ရင်းနှီးမှုနှင့်သံတမန်ဆက်ဆံရေးဆိုင်ရာများ၊နှစ်နိုင်ငံကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှုနှင့် ခရီး သွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ် ခဲ့၍ နိုင်ငံတော်၏တာဝန်များကို နစက မှဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီတာဝန်ယူဆောင်ရွက်ခဲ့ရမှုနှင့်ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေနှင့်အညီထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးမှတာဝန်ရှိသူလည်း တက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here