ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လဝက ရုံးတွင် PDF အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲ၍ အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရ

0
326

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အ မှတ်(၁၂၄)ရပ်ကွက်၊အင်းဝလမ်းရှိ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၌ ဒီဇင်ဘာ ၁၂ ရက်(ယနေ့)နံနက်ပိုင်းက PDF အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ လဝက မြို့နယ်ဦးစီးမှူးရုံး ၏ ဧည့်သည်နားနေဆောင်၌ PDF အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက် ကွဲခဲ့ခြင်းဖြစ်သည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဧည့်သည်နားနေဆောင်တွင်ရှိနေသည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ နယ်၊အမှတ်(၅)ရပ်ကွက်၊ယုဇနလမ်း၊အမှတ် (၅၁၈)နေသူများဖြစ်သည့် ဦးဝင်းထက်ဦး(၄၃) နှစ်တွင် ဦးခေါင်းနှင့်ခန္ဓာကိုယ်ဘယ်ဘက်ခြမ်း၊ မခင်တွယ်တာဦး(၂၀)နှစ်၏ ဘယ်/ညာခြေ ထောက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူ ၂ ဦးအား လုံခြုံ ရေးအဖွဲ့ဝင်များက အရေးပေါ်ဆေးကုသမှုများပြုလုပ်ပေးပြီးနောက် တပ်မတော်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လဝက မြို့နယ်ဦးစီးမှူးရုံးအား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲခဲ့သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အ တွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here