တရုတ်နိုင်ငံတွင် စက်ရုပ်ဖြင့် ဒူးခေါင်းခွဲစိပ်ကုသမှု ပထမဆုံးပြုလုပ်

0
234

တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသော စက်ရုပ်တစ်ခုကို အသုံးပြု၍ လူတစ်ဦး၏ ဒူးခေါင်းခွဲစိပ်မှုကိုပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့သည်။

အရိုးခွဲစိပ်ဆရာဝန်များ၏ ထိန်းချုပ်မှုဖြင့် အဆိုပါစက်ရုပ်သည် အသက် ၇၃ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဒူးခေါင်းကို စီချွမ်တက္ကသိုလ် ဆေးရုံတွင် ခွဲစိပ်ကုသပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါလူနာသည် ဒူးနာခြင်းကို ဆယ်နှစ်ကျော်မျှ ခံစားနေရသူတစ်ဦးဖြစ်ကြောင်း ယင်းဆေးရုံမှ အရိုးအထူးကု ပါမောက္ခ ကျောက်ကျုံခိကပြောသည်။

လူနာ၏ CT Scan အချက်အလက်ဒေတာများကို ကွန်ပျူတာအတွင်းသို့ထည့်သွင်းကာ လက်တွေ့ခွဲစိပ်မှုမပြုလုပ်မီတွင် စက်ရုပ်ကို လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ပါမောက္ခကျောက်ကပြောပြသည်။

ခွဲစိပ်မှုပြီးစီးသည့်နောက် လူနာမှာ သက်သာကောင်းမွန်သွားပြီဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here