မလေးရှားနိုင်ငံတွင် ကျင်းပမည့် စကိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကလေးငယ် နှစ်ဦး၀င်ရောက်ယှဉ်ပြိုင်မည်

0
405

မလေးရှားစကိတ်အဖွဲ့ချုပ်၏ ဖိတ်ခေါ်မှုကြောင့် မလေးရှားနိုင်ငံတွင် ကျင်းပမည့် စကိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကလေးငယ် နှစ်ဦး၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စကိတ်စီးအားကစားအသင်းထံမှ သိရသည်။

၁၆ ရက်နှင့် ၁၇ ဒီဇင်ဘာ၂၀၂၂ တွင် လေ့ကျင့်ခြင်း Workshop နှင့် ပြိုင်ပွဲအား အခမဲ့တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်။

မလေးရှားနိုင်ငံ၊ မလက်ကာမြို့တွင် ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပပြုလုပ်မည့် Melaka Inline Speed Open 2022 ပြိုင်ပွဲအား လှိုင်သာယာ သူရဲကောင်းလေးများအသင်းမှ မောင်နှမ ဖြစ်သော မောင်အင်အား (၁၃ နှစ်) နှင့် မမေခွန်အား (၁၂ နှစ်) တို့ ၂ ဦးတို့က အဆိုပါ ပြိုင်ပွဲ၏ ၁၅ နှစ်အောက် ပွဲစဉ်များ ဖြစ်သော တာတို ၂၀၀ နှင့် ၄၀၀ မီတာ တွင် ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါကလေးငယ်နှစ်ဦးသည် ပြိုင်ပွဲ့အတွေ့အကြုံရှိ စကိတ်စီးအားကစားသမားများဖြစ်သည်ဟု သိရပြီး အဖွဲ့အစည်းဥက္ကဌ နှင့် ၎င်း တို့ချစ်ခင်သော ပံ့ပိုးသူများ၏ စားရိတ်သက်သက်ဖြင့် စေလွှတ်ယှဉ်ပြိုင် ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါပြိုင်ပွဲအား ယှဉ်ပြိုင်ရန် ဒီဇင်ဘာ ၁၄ ရက်နံနက်တွင် ရန်ကုန်မှ ထွက်ခွာမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here