ရေဒီယိုသတ္တိကြွ စွန့်ပစ္စည်းများ ထုတ်လုပ်ခြင်းမရှိဘဲ စွမ်းအင်ထုတ်ပေးမည့် အဏုမြူပေါင်းစပ်မှု ဖြစ်စဉ်ကို အမေရိက သိပ္ပံပညာရှင်များက အောင်မြင်စွာ ဖန်းတီးနိုင်ခဲ့

0
266

ကယ်လီဖိုးနီးယားပြည်နယ် လောရင့်စ် လစ်ဗာ မိုး ဓါတ်ခွဲခန်းမှသိပ္ပံပညာရှင်များသည် ပထမဦးဆုံးအကြိမ်အဖြစ် အဏုမြူပေါင်းစပ်မှု ဖြစ်စဉ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီး အသားတင်စွမ်းအင် ထုတ်လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ပရောဂျက်နှင့် ရင်းနှီးသူတစ်ဦးက စီအင်န်အင်န် သတင်းဌာနသို့ ပြောကြားခဲ့သည်။

လူသားများသည် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကို အဆုံးသတ်ရန်အတွက် နျူကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်ကာ အက်တမ်များ ပွတ်တိုက်ကွဲထွက်ခြင်းဖြင့် အဏုမြူစွမ်းအင်ကို အသုံးပြုလာကြသည်။

သို့ရာတွင် အဏုမြူပွတ်တိုက်ကွဲထွက်ခြင်းသည် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် လူသားနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသော ရေဒီယိုသတ္တိကြွ စွန့်ပစ္စည်းများကို ထုတ်ပေးသည်။

ထို့ကြောင့် သိပ္ပံပညာရှင်များသည် အဏုမြူ ကွဲထွက်ခြင်းအစား ဘေးထွက်ဆိုးကျိုးနည်းသော အဏုမြူပေါင်းစပ်ခြင်း ဖြစ်စဉ် ဖန်တီးပြုလုပ်နိုင်ရန် ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့ကြသည်။

အဏုမြူပေါင်းစပ်ခြင်းဆိုသည်မှာ နှစ်ခုနှင့် အထက် ပိုသော အက်တမ်များက ပိုကြီးသော အက်တမ်အဖြစ် ပေါင်းစပ်သွားအခါ ကြီးမားသော အပူစွမ်းအင်ထုတ်လွှတ်ပေးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အဆိုပါနည်းလမ်းမှာ နေ၏ အပူစွမ်းအင်ထုတ်လွှတ်ပုံကို နမူနာယူ၍ ပြန်လည်ဖန်တီးထားခြင်းဖြစ်သည်။

အဏုမြူပေါင်းစပ်ခြင်းသည် ပွတ်တိုက်ခြင်းဖြစ်စဉ် ကဲ့သို့မဟုတ်ဘဲ ရေဒီယိုသတ္တိကြွ စွန့်ပစ္စည်းများအား ထုတ်ပေးခြင်း မရှိချေ။

ထို့ကြောင့် အထက်ပါ အောင်မြင်မှုသည် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားနေရမှုကို အဆုံးသတ်ပေးနိုင်သည့် မကုန်ခမ်းနိုင်သော သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်ကို ထုတ်လွှတ်ရာတွင် ကြီးမားသော ခြေလှမ်းတစ်ခုဖြစ်လာမည် ဖြစ်သည်။

အဆိုပါဖြစ်ရပ်ကို အမေရိက စွမ်းအင်ဝန်ကြီး ဂျနီဖာ ဂရန်ဟုမ်းက သိပ္ပံဆိုင်ရာ အောင်မြင်မှုကြီးတစ်ခု အဖြစ် ဒီဇင်ဘာလ ၁၃ ရက် အင်္ဂါနေ့တွင် ကြေညာသွားမည်ဖြစ်သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here