ကမ္ဘာကြီးပူနွေးလာမှုဖြေရှင်းရန် ရာသီဥတုကလပ်အသင်း ကို G – 7 ထူထောင်

0
192

ဘာလင်၊ဒီဇင်ဘာ ၁၃

ကမ္ဘာပြီးပူနွေးလာမှုအား တိုက်ဖျက်ရာ၌ပူးပေါင်းဆောင်ရွက်လိုသောနိုင်ငံများအတွက် ပွင့်လင်းသည့် နိုင်ငံတကာရာသီဥတုဆိုင်ရာကလပ်အသင်းအား ဖွဲ့စည်းလိုက်ကြောင်း ဂျာမဏီဝန်ကြီးချုပ် မစ္စတာအိုလက်ရှို့ဖ်က အခြား G – 7 နိုင်ငံခေါင်းဆောင်များနှင့် ဗီဒီယိုကွန်ဖရင့်အပြီးတွင်ပြောကြားခဲ့သည်။

ဂျာမဏီသည်လက်ရှိိတွင်  G – 7 ဥက္ကဌရာထူးကိုရရှိထားပြီး ယခုနှစ်ကုန်ပိုင်းတွင် ဥက္ကဌသက်တမ်းကုန်ဆုံးမည်ဖြစ်ကာ ၎င်းနောက်တွင် ဂျပန်အားလွှဲပြောင်းပေးမည်ဖြစ်ကြောင်းသိရှိရသည်။

မစ္စတာအိုလက်ရှို့ဖ်၏ပြောကြားချက်အရ ယခုအသင်းသည် G – 7 ၏ စီမံကိန်းအဖြစ်ရည်ရွယ်ခြင်းမျိုးမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ်ဆောင်ရွက်ရန်ဖြစ်ကြောင်းသိရှိရသည်။

ယခုကလပ်သည် စက်မှုလုပ်ငန်းများအား သဘာဝပတ်ဝန်းကျင် ကို မထိခိုက်စေသည့် သန့်ရှင်းသောစွမ်းအင်အဖြစ် စက်မှုအသွင်ကူးပြောင်းရေးအား အရှိန်မြှင့်ရန်အတွက်ကူညီပေးမည်ဖြစ်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျာမန်အစိုးရကပြောကြားခဲ့သည်။

Source :AP


LEAVE A REPLY

Please enter your comment!
Please enter your name here