အာရူနာချယ် ပရာဒက်ရှ် ပြည်နယ်တွင် အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များ ထိ တွေ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့၊ နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရ

0
273

အိန္ဒိယစစ်သားများနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) တို့သည် အိန္ဒိယအရှေ့မြောက်ပိုင်း အာရူနာချယ် ပရာဒက်ရှ် ပြည်နယ် တာဝမ်နယ်မြေအကန့်ရှိ အမှန်တကယ် ထိန်းချုပ်ရေး နယ်နိမျဉ်းတစ်လျှောက်တွင် ဒီဇင်ဘာ ၉ ရက်နေ့က ထိ တွေ့မှု ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပဋိပက္ခအတွင်း အိန္ဒိယစစ်သား အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ထိုဖြစ်စဉ်ပြီးနောက် အဆိုပါ ဒေသရှိ အိန္ဒိယ တပ်မှူးသည် တရုတ်တပ်မှူးနှင့် အစည်းအဝေး ပြုလုပ်ကာ ပြဿနာများကို ဖွဲ့စည်းပုံဆိုင်ရာ သက်ဆိုင်ရာ စည်းမျဉ်း များနှင့်အညီ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်သည် အာရူနာချယ် ပရာဒက်ရှ် ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အိန္ဒိယနှင့် တရုတ် ကြား ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်သည်။

ယခုဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်၍ တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဖြစ်ပွားချိန်အတွင်း PLA တပ်ဖွဲ့ဝင် ခြောက်ရာကျော် ရှိနေကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

တရုတ်နှင့် အိန္ဒိယ တပ်ဖွဲ့ဝင်များသည် ၂၀၂၀ ခုနှစ် မေလ ၅ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ဂယ်ဝမ်တောင်ကြား၌ ပြင်းပြင်းထန်ထန် ခိုက်ရန်ဖြစ်ပွားခဲ့ဖူးပြီး အိန္ဒိယဘက်မှ အယောက် ၂၀ နှင့် တရုတ်ဘက်မှ ၄ ယောက် ကျဆုံးခဲ့သည်။

ယခုကဲ့သို့ တပ်နှစ်တပ်ကြား ထိ တွေ့မှု ဖြစ်စဉ်များမှာ အဓိကအားဖြင့် နယ်စပ်ဆိုင်ရာ သဘောထားကွဲလွဲမှုများကြောင့် ၂၀၀၆ ခုနှစ်ကတည်းက ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အစိုးရ သတင်းရင်းမြစ်များက NDTV သတင်းဌာနသို့ ပြောခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here