မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်ရှိ Zeus Bar တွင် ယနေ့မွန်းတည့်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွား

0
244

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်ရှိ Zeus Bar တွင် ဒီဇင်ဘာ ၁၃ ရက်(ယနေ့)မွန်းတည့်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်၊ ၅၅ လမ်း၊ လမ်း ၃၀(B) လမ်းထောင်ရှိ Zeus Bar တွင် ယနေ့မွန်းတည့် ၁၂ နာရီခန့်က မိုင်းပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

“စစ်ဆေးရသလောက်ကတော့ ချိန်ကိုက်မိုင်းလို့သိရတယ် Bar အတွင်းပိုင်းမှာပျက်စီးမှုတွေရှိတယ် စစ်ဆေးတာတွေလုပ်နေတယ်”ဟု လုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဥ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုများမရှိခဲ့ဘဲ Bar အတွင်းပိုင်း၌ပျက်စီးမှုများသာဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက စုံ စမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here