နိုင်ငံခြားငွေကုန်ကျမူ​လျော့နည်း​စေမည့်နည်းလမ်းများဖြင့် ချွေတာသုံးစွဲကြရန် နစက ဥက္ကဋ္ဌမှာကြား

0
216

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များအား ဒီဇင်ဘာ ၁၃ ရက်မွန်းလွဲပိုင်းကတွေ့ဆုံစဥ် လျှပ်စစ်ဓာတ်အား၊စက်သုံးဆီလိုအပ်ချက်များနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာ ၌ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန်လိုကာ လျှပ်စစ် ဓာတ်အားလိုအပ်ချက်မှာလည်း အရေးကြီးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်များထုတ်လုပ်မည်ဆိုပါက မီဂါဝပ် ၄ သောင်းခန့်ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများရပ်တန့်ခဲ့ရသည်ဟု ဆို သည်။

“ကချင်ပြည်နယ်အတွင်းမှာ ရေအားလျှပ်စစ် ထုတ်ယူနိုင်တဲ့ အရင်းအမြစ်တွေများစွာရှိပြီးဖြစ်တာကြောင့် အကျိုးရှိစွာအသုံးချစေလိုပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရန် အချိန်ကာလတစ်ခုအထိကြာမြင့်ပြီး ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် ဆောင်ရွက်ရသည်ဟု ဆိုသည်။

“လျှပ်စစ်ဓာတ်အားလိုအပ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နိုင်သလို တစ်ဖက်မှာလည်း လျှပ်စစ်ဓာတ်အားတွေကို ချွေတာသုံးစွဲဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် မိမိတို့အနေဖြင့် စက်သုံးဆီများအား ပြည်ပမှနှစ်စဉ်တင်သွင်းနေရ၍ နိုင်ငံခြားငွေသုံးစွဲမှုများစွာကုန်ကျလျက်ရှိသဖြင့် စက်သုံးဆီများကို တတ်နိုင်သမျှချွေတာသုံးစွဲရန်လိုသည်ဟု မှာ ကြားသည်။

“စက်သုံးဆီသုံးစွဲဖို့မလိုအပ်တဲ့ စက်ဘီးလိုယာဥ်တွေကို တိုင်းချစ်ပြည်ချစ်စိတ်နဲ့ အသုံးပြုကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ကုန်စည်ပို့ဆောင်ရေးတွင်လည်း စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာပို့ဆောင်နိုင်သည့် ရထားဖြင့်သယ်ယူပို့ဆောင်ခြင်းအား ဆောင်ရွက်ခြင်း၊တစ်ဦးချင်းချွေတာသုံးစွဲခြင်းများပြုလုပ်ပါက နိုင်ငံခြားငွေကုန်ကျမှုများလျော့နည်းသွားမည် ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here