မီးပွိုင့်၌ကားသုံးစီးတိုက်ပြီး Mark II ကားမီးလောင်ကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့မှု တောင်ဥက္ကလာပမြို့ နယ်တွင်ဖြစ်ပွား

0
255

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊ ၁၁ ရပ် ကွက်၊ဝေဇယန္တာလမ်းနှင့်ရတနာလမ်းထောင့်ရှိ မီးပွိုင့်တွင် ဒီဇင်ဘာ ၁၃ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်နှင့်သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။

ယင်းနေ့ ည၁၂နာရီကျော်ခန့်တွင် ဝေဇယန္တာလမ်း နှင့်ရတနာလမ်းထောင့်ရှိ မီးပွိုင့်တွင်ကားသုံးစီးဆင့်တိုက်ကာ ကားတစ်စီးမီးလောင်မှုဖြစ်ပွားပြီး ထိ ခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း သတင်းအရ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်း၊သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက မီးငြှိမ်းသတ်ခြင်းနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“မီးလောင်တဲ့အချိန်က သိပ်မကြာလိုက်ဘူး ဒါပေမယ့် မီးလောင်တဲ့ကားကတော့ပျက်စီးသွားတယ် ဒဏ်ရာရတဲ့လူတွေကိုလည်း မြေပြင်ကုသမှုတွေအရင်လုပ်ပေးပြီး ဆေးရုံတွေကိုပို့ပေးခဲ့ပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ကားမီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၀၀ နာရီ ၈ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

“Mark II ရယ် Alphard ရယ် နောက် ပရဟိတအ သင်းကားတစ်စီးရယ်တိုက်မိတာပါ မီးလောင်တဲ့ကားက Mark II ကားပါ”ဟု လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသူများအား သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့၊ရာသီခွင်လူမှုကူညီရေးအသင်း၊ကောင်းမှုဆောင်လူမှုကူညီရေးအသင်း၊ဂန္တာရအရိပ်လူမှုကူညီရေးအသင်းနှင့်အခြားလူမှုကူညီရေးအသင်းများမှ မေဓာဝီဆေးရုံ၊သင်္ဃန်းကျွန်းစံပြဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-သုခကာရီလူမှုကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here