Saturday, January 11, 2025

စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့(ရွှေကျင်)ဖွဲ့စည်း

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ထပ်မံရွေးချယ်တင်မြှောက်သည့် စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ကို ၁၃၈၆ ခုနှစ် ၊ပြာသိုလ်လဆန်း (၁၂) ရက်...

ရုရှားနှင့် ဆွေးနွေးရန် ယူကရိန်း အဆင်သင့်မဖြစ်သေးဟု...

ယူကရိန်းသည် ရုရှားနှင့် စေ့စပ်ညှိနှိုင်းရန် အဆင်သင့်မဖြစ်သေးဟု ဂျိုးဘိုင်ဒင် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့က ယုံကြည်ကြောင်း သိရသည်။ "နှစ်ဖက်စလုံးက ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကိုတော့ မမျှော်လင့်ထားပါဘူး" ဟု...

ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တက်မည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာသည် ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်မည့် ဒေါ်နယ်ထရမ့်ပ်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက သောကြာနေ့တွင်...

ထရမ့်ပ်နှင့် ဆွေးနွေးရန် အသင့်ရှိဟုဂရင်းလန်းဝန်ကြီးချုပ်ဆို

အာတိတ်ကျွန်းကို ရယူထိန်းချုပ်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည့် အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်နှင့် ပြောဆိုဆွေးနွေးရန် သူ အသင့်ရှိကြောင်း ဂရင်းလန်းဝန်ကြီးချုပ် Mute Egede က သောကြာနေ့တွင် ပြောဆိုလိုက်ပြီး...
HomeNewsLocal Newsရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း၌ ကျောက်တင်ရထားမိုင်းဆွဲတိုက်ခိုက်ခံရ၍...

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း၌ ကျောက်တင်ရထားမိုင်းဆွဲတိုက်ခိုက်ခံရ၍ ရထားခရီးစဥ်အချို့ဖျက်သိမ်း

မြန်မာ့မီးရထား၏ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင်ပြေးဆွဲနေသော ကျောက်တင်ရ ထားသည် ဒီဇင်ဘာ ၁၃ ရက်ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု မြန်မာ့မီးရထားကထုတ်ပြန်ခဲ့သည်။

ကျောင်တင်ရထားသည် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၏ သိမ်ဆိပ်နှင့်ဒုံးဝန်းဘူတာကြား ၌ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရ၍ ရထားလမ်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒီဇင်ဘာ ၁၃ ရက်ညပိုင်းတွင်ထွက်ခွာမည့် ရန်ကုန်-မော်လမြိုင် အစုန်အဆန်ရထားခရီးစဥ် ၂ ခုအား ဖျက်သိမ်းခဲ့ရပြီး ဒီဇင်ဘာ ၁၄ ရက် (ယနေ့)တွင် ထွက်ခွာမည့် ရန်ကုန်-မော်လမြိုင် အ စုန်အဆန်နေ့ရထား ၂ စင်းကိုလည်း ခရီးစဥ်များဖျက်သိမ်းခဲ့ရကြောင်း မြန်မာ့မီးရထား၏ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ရထားခရီးစဥ်များအား ဖျက်သိမ်းခဲ့ရသဖြင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအား လက်မှတ်ရုံတွင် လက်မှတ်ခများပြန်လည်ပေး ချေလျက်ရှိသည်ဟု မော်လမြိုင်ဘူတာကြီးမှ အသိပေးပြောကြားခဲ့သည်။

“ရထားနဲ့သွားရတာအဆင်ပြေကာစရှိသေးတယ် အခုလိုဖြစ်သွားတော့ အရေးပေါ်ကိစ္စလည်းရှိနေတဲ့အတွက် ကားနဲ့ပဲသွားရတော့မှာပေါ့ဗျာ လမ်းအခြေအနေအရ စစ်ဆေးတာတွေရှိနေတော့ ကားနဲ့သွားရတာက ရထားလောက်တော့မမြန်ဘူးပေါ့” ဟု မော်လမြိုင်မြို့နေသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မိုင်းဆွဲတိုက်ခိုက်ခံရ၍ပျက်စီးသွားသည့် ရထားလမ်းပိုင်းအား မြန်မာမီးရထားမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ်တွင် ညရထားအား လေအိတ်တွဲဆိုင်းများဖြင့် ဒီဇင်ဘာ ၁၂ ရက်မှစတင်၍ ညစဥ်ပြေးဆွဲပေးသွားမည်ဖြစ်ကာ လမ်း၌ ပေါင်၊ သထုံ၊ ပဲခူး၊ တိုးကြောင်ကလေးဘူတာများတွင်သာ ရပ်တန့်သွားမည်ဖြစ်ကာ လက် မှတ်ခအဖြစ် ရိုးရိုးတန်း ၃၅၅၀ ကျပ်၊အထက်တန်း (အထူးတန်း) ၇၀၅၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။

Photo-မော်လမြိုင်ဘူတာကြီး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့(ရွှေကျင်)ဖွဲ့စည်း

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ထပ်မံရွေးချယ်တင်မြှောက်သည့် စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ကို ၁၃၈၆ ခုနှစ် ၊ပြာသိုလ်လဆန်း (၁၂) ရက် ၊ ဇန်နဝါရီလ (၁၀)ရက် နေ့လယ်(၁၂)နာရီက စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ပြန်လည်ရွှေချယ်တင်မြှောက် ရွေးကောက်ပွဲဖွဲ့စည်းပုံများ အတည်ပြုရန်အတွက်နိုင်ငံတော် သံဃာ့မဟာနာယက မတ္တရာ ဆရာတော်ကြီးနှင့် တာဝန်ရှိ ကြီးကြပ်ရေးနာယက ဆရာတော်များ အစုံအညီကြွရောက်တော်မူကြကြောင်း သိရသည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း (၆) မြို့နယ် အတွက် ဖွဲ့စည်းပုံများကို စစ်ကိုင်းမြို့...

ရုရှားနှင့် ဆွေးနွေးရန် ယူကရိန်း အဆင်သင့်မဖြစ်သေးဟု အိမ်ဖြူတော်ဆို

ယူကရိန်းသည် ရုရှားနှင့် စေ့စပ်ညှိနှိုင်းရန် အဆင်သင့်မဖြစ်သေးဟု ဂျိုးဘိုင်ဒင် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့က ယုံကြည်ကြောင်း သိရသည်။ "နှစ်ဖက်စလုံးက ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကိုတော့ မမျှော်လင့်ထားပါဘူး" ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ဆက်သွယ်ရေးအကြံပေး John Kirby က ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ အခြေအနေများကိုအခြေခံ၍ သတင်းထောက်များအတွက် ပုံမှန်အွန်လိုင်းရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရုရှားသည် ယူကရိန်းအရေး ဆွေးနွေးရန် လမ်းဖွင့်ထားသော်လည်း မည်သည့်သဘောတူညီချက်များကိုမဆို ချိုးဖောက်ခံရခြင်းအား တားဆီးသွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဒီဇင်ဘာ ၂၉ ရက်နေ့က...

ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တက်မည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာသည် ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်မည့် ဒေါ်နယ်ထရမ့်ပ်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက သောကြာနေ့တွင် ဖေါ်ပြလိုက်သည်။ အာရှနိုင်ငံသည် ၎င်း၏ အရေးပါဆုံး မဟာမိတ်နိုင်ငံ၏ နောက်တက်မည့်အစိုးရအဖွဲ့နှင့် ဆက်ဆံရေးတည်ဆောက်ရန် အ‌လောသုံးဆယ် ဆောင်ရွက်နေခြင်းဖြစ်သည်။ အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ကျမ်း သစ္စာကျိန်ဆိုပြီးနောက်တွင် ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာနှင့် ထရမ့်ပ်တို့အကြား ဆွေးနွေးမှုများအတွက် အုတ်မြစ်ခင်းရန် ရည်ရွယ်သော ခရီးစဉ်ဖြစ်သည်။ ဂျပန်အစိုးရသည် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် ဖိတ်ကြားချက်ကို လက်ခံရရှိထားသည်ဟု သတင်းရင်းမြစ်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071