ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း၌ ကျောက်တင်ရထားမိုင်းဆွဲတိုက်ခိုက်ခံရ၍ ရထားခရီးစဥ်အချို့ဖျက်သိမ်း

0
886

မြန်မာ့မီးရထား၏ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင်ပြေးဆွဲနေသော ကျောက်တင်ရ ထားသည် ဒီဇင်ဘာ ၁၃ ရက်ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု မြန်မာ့မီးရထားကထုတ်ပြန်ခဲ့သည်။

ကျောင်တင်ရထားသည် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၏ သိမ်ဆိပ်နှင့်ဒုံးဝန်းဘူတာကြား ၌ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရ၍ ရထားလမ်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒီဇင်ဘာ ၁၃ ရက်ညပိုင်းတွင်ထွက်ခွာမည့် ရန်ကုန်-မော်လမြိုင် အစုန်အဆန်ရထားခရီးစဥ် ၂ ခုအား ဖျက်သိမ်းခဲ့ရပြီး ဒီဇင်ဘာ ၁၄ ရက် (ယနေ့)တွင် ထွက်ခွာမည့် ရန်ကုန်-မော်လမြိုင် အ စုန်အဆန်နေ့ရထား ၂ စင်းကိုလည်း ခရီးစဥ်များဖျက်သိမ်းခဲ့ရကြောင်း မြန်မာ့မီးရထား၏ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ရထားခရီးစဥ်များအား ဖျက်သိမ်းခဲ့ရသဖြင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအား လက်မှတ်ရုံတွင် လက်မှတ်ခများပြန်လည်ပေး ချေလျက်ရှိသည်ဟု မော်လမြိုင်ဘူတာကြီးမှ အသိပေးပြောကြားခဲ့သည်။

“ရထားနဲ့သွားရတာအဆင်ပြေကာစရှိသေးတယ် အခုလိုဖြစ်သွားတော့ အရေးပေါ်ကိစ္စလည်းရှိနေတဲ့အတွက် ကားနဲ့ပဲသွားရတော့မှာပေါ့ဗျာ လမ်းအခြေအနေအရ စစ်ဆေးတာတွေရှိနေတော့ ကားနဲ့သွားရတာက ရထားလောက်တော့မမြန်ဘူးပေါ့” ဟု မော်လမြိုင်မြို့နေသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မိုင်းဆွဲတိုက်ခိုက်ခံရ၍ပျက်စီးသွားသည့် ရထားလမ်းပိုင်းအား မြန်မာမီးရထားမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ်တွင် ညရထားအား လေအိတ်တွဲဆိုင်းများဖြင့် ဒီဇင်ဘာ ၁၂ ရက်မှစတင်၍ ညစဥ်ပြေးဆွဲပေးသွားမည်ဖြစ်ကာ လမ်း၌ ပေါင်၊ သထုံ၊ ပဲခူး၊ တိုးကြောင်ကလေးဘူတာများတွင်သာ ရပ်တန့်သွားမည်ဖြစ်ကာ လက် မှတ်ခအဖြစ် ရိုးရိုးတန်း ၃၅၅၀ ကျပ်၊အထက်တန်း (အထူးတန်း) ၇၀၅၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။

Photo-မော်လမြိုင်ဘူတာကြီး


LEAVE A REPLY

Please enter your comment!
Please enter your name here