ဗဟန်းမြို့နယ်တွင် အမျိုးသား ၄ ဦးအား စိတ်ပြောင်းဆေးဝါး(ကက်တမင်း/အက်တက်စီ)၊ Happy Water တို့နှင့်အတူဖမ်းမိ

0
248

ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ဆရာစံရပ်ကွက်၊တ က္ကသိုလ်ရိပ်သာလမ်းသစ်တွင် ဒီဇင်ဘာ ၁၂ ရက်မွန်းတည့်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် သတင်းအရ ဗဟန်းမြို့နယ်၊ဆရာစံရပ်ကွက်၊တက္ကသိုလ်ရိပ်သာလမ်းသစ်တွင် ထူးအောင်ဗိုလ်(ခ)ကိုထူး (၃၉)နှစ်ထံမှ စိတ်ပြောင်းဆေးဝါး(အက်တက်စီ) ဆေးပြား ၅၀ ပြား၊စိတ်ပြောင်းဆေးဝါး(ကက်တမင်း ၁၀ ဂရမ်)တို့အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ နေ့လည် ၁ နာရီခွဲတွင် ၎င်းငှား ရမ်းနေထိုင်သည့် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ နေအိမ်အတွင်းမှ မင်းနေဗလ(၃၀)နှစ်အား စိတ်ပြောင်းဆေးဝါး(အက်တက်စီ)ဆေးပြား ၄၉၅ ပြား၊စိတ်ပြောင်းဆေးဝါး(ကက်တမင်း ၄၄၇ ဒသ မ ၅ ဂရမ်)၊စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့်(Happy Water)အမှုန့်(၇၆ ဂရမ်)တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ည ၇ နာရီခွဲတွင်လည်း မျိုးဇော်ထက် (၂၂)နှစ်နှင့်ရဲ၀င့်အောင်(၂၃)နှစ်တို့အား ၎င်းတို့နေထိုင်သည့် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့်(Happy Water)အမှုန့်(၂၄ ဂရမ်)၊စိတ်ပြောင်းဆေးဝါး(အက်တက်စီ)ဆေးပြား ၂ ပြားတို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်တွင် စိတ်ပြောင်းဆေးဝါး(အက်တက်စီ) ဆေးပြား ၅၄၇ ပြား၊စိတ်ပြောင်းဆေးဝါး(ကက်တမင်း ၄၅၇ ဒသမ ၅ ဂရမ်)၊စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့်(Happy Water)အမှုန့်(၁၀၀ ဂရမ်)တို့အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ဖမ်းဆီးရမိသူများအား ဗဟန်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here