ယခင်အစိုးရ လက်ထက်တွင် ကြွေးမြီအများအပြားဖြစ်ပေါ်ကာ တိုင်းပြည်အတွက် စိုးရိမ်စရာ အခြေအနေဖြစ်ပေါ်ခဲ့ဟု နစက ဥက္ကပြော

0
324

ယခင်အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် တိုင်းပြည်စီးပွားရေး ကျဆင်းကာ ကြွေးမြီအများအပြားဖြစ်ပေါ်ကာ တိုင်းပြည်အတွက် စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဒီဇင်ဘာ (၁၃) ရက်က ကချင်ပြည်နယ်အတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးမှုမရှိခဲ့ဘဲ ပြည်ပသွင်းကုန်ကိုသာ အားထားဆောင်ရွက်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု လိုငွေအများအပြားရှိခဲ့ပြီး တိုင်းပြည်အတွက် စိုးရိမ်ဖွယ်ရာအနေအထားသို့ရောက်ရှိခဲ့ကာ ကြွေးမြီအများအပြားဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယခင်အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်မှစတင်ကာ စီးပွားရေးဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာ စီမံခန့်ခွဲမှုများတွင် အား နည်းချက်များရှိခဲ့ခြင်းကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ရကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါ ကာလအတွင်း နိုင်ငံခြားဝင်ငွေ ရရှိခြင်းမရှိခဲ့ဘဲ ပြည်ပမှ သွင်းကုန်များကို တင်သွင်းခဲ့မှုများကြောင့် ကုန်သွယ်မှု လိုငွေများ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ နစက အစိုးရလက်ထက်တွင် နိုင်ငံ၏ စီးပွားရေးမှာ အထိုက်အလျောက် ပြန်လည်မြင့်တက်လာပြီဖြစ်သည့်အပြင် ပြည်ပမှ ချေးငွေနှင့် အထောက်အပံ့များ မရရှိသော်လည်း ပြည်ပချေးငွေများကို ပြန်လည်ပေးဆပ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများပင်ဖြစ်သည့်အတွက် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ပြည်တွင်း ကုန်ထုတ်လုပ်မှုစီးပွားရေးကိုအားပေးဆောင်ရွက်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အတွက် နိုင်ငံ့စီးပွားကို မြှင့်တင်နိုင်ရန်အတွက် MSME လုပ်ငန်းများမြှင့်တင်ရေး အလေးထားဆောင်ရွက်နေကြောင်းလည်း ၎င်းကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here