နိုဝင်ဘာလ အတွင်း၌ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၂၆၀၀၀၀ အထိ တင်ပို့နိုင်ခဲ့

0
249

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပြည်ပနိုင်ငံများသို့ ဆ န်နှင့် ဆန်ကွဲ တင်ပို့မှုအနေဖြင့် တန်ချိန် ၂၆၀၀၀၀ အထိ တင်ပို့ ထားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု လျာထားချက်အနေဖြင့် ဆန်တန်ချိန် (၂) သန်း တင်ပို့ရန်လျာထားပြီး လစဉ် တန်ချိန် (၂) သိန်းခန့် ပုံမှန်တင်ပို့နေရာမှ ပြီးခဲ့သည့်လအတွင်း တ န်ချိန် ၂၆၀၀၀၀ အထိ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆန်နှင့် ဆန်ကွဲကို တရုတ် ၊ EU နိုင်ငံများ ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ တင်နေပြီး လစဉ်ဆန်တင်ပို့မှ ကုန်သွယ်မှု ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း (၈၀) ဝန်းကျင် ဝင်ငွေရရှိနေကြောင်းလည်း သိရသည်။

၂၀၂၂ -၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ပြည်ပဆန်တင်ပို့မှုအနေဖြင့် ဆန်တန်ချိန် (၂) သန်း တင်ပို့ရန် လျာထားပြီး အဆိုပါ လျာထားချက်ပြည့်မီကာ ဝင်ငွေပိုမိုရရှိလာနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက ပြီးခဲ့သည့် လကုန်ပိုင်းတွင် ပေါ်ပြူလာနယူး(စ်) သို့ ပြောကြားထားသည်။

ပြည်ပဆန်တင်ပို့မှုကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ယူစီစဉ် ပို့ဆောင်ပေးနေပြီး ရန်ကုန်ဆိပ်ကမ်းအပြင် ရန်ကုန်ဆိပ်ကမ်းအပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်ဆန်တင်ပို့မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဘဏ္ဍာနှစ်အတွင်း လက်ရှိကာလအထိ ပြည်ပဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် (၁) သန်းကျော် တင်ပို့ထားပြီး ပို့ကုန်ရငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် ရရှိထားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ၏ သတင်းအချက်အလက်များအရ သိရသည်။

အဆိုပါ တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် (၃) သိန်းဝန်းကျင် ပိုမိုတင်ပို့ထားနိုင်ပြီး ကန်ဒေါ်လာ သန်း (၇၀) ဝန်းကျင် ပိုမိုရရှိထားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန သတင်းအချက်အလက်များမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here