ဘရပ်ဆဲလ် သို့ ASEAN-EU အစည်းအဝေးအတွက်ရောက်ရှိနေသော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယားအသိုင်းဝိုင်း နှင့် ယမန်နေ့ကတွေ့ဆုံရာ၌ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းက အနည်းဆုံး နောက်ထပ်ငါးနှစ်လောက်တော့ ကြာဦးမယ်လို့ ခန့်မှန်းရပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒီနှစ် အာဆီယံသဘာပတိရဲ့ အထူးသံတမန်က မြန်မာနိုင်ငံကိုမသွားဖြစ်တော့ပါဘူး။ ဒါကြောင့် ဒီကိစ္စများကို အာဆီယံဥက္ကဋ္ဌသစ်ဖြေရှင်းဖို့ အတွက်ဖို့ချန်ထားခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။