“ခရစ်စမတ်ဥက္ကာပျံ”ဟု အမည်ပေးထားသော ဥက္ကာခဲတစ်ခု ကမ္ဘာအနီးမှ ဖြတ်သန်းမည်

0
325

ပေ ၄၆၀ အချင်းရှိသည့် “ခရစ်စမတ်ဥက္ကာပျံ”ဟု အမည်ပေးထားသော ဥက္ကာခဲတစ်ခု ယခု သီတင်းပတ်အတွင်း ကမ္ဘာအနီးမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း နက္ခတ်ပညာရှင်တို့က သတင်းထုတ်ပြန်သည်။

ယင် ဥက္ကာခဲသည် ကမ္ဘာမှ မိုင်ပေါင်း ၄သိန်း၂သောင်း(ကီလိုမီတာ ၆၇၉,၈၀၀)အဝေးမှဖြတ်သန်းသွားမည်ဖြစ်ကာ၊ ယင်းအကွာအဝေးသည် ကမ္ဘာနှင့် လ အကွာအဝေး၏ ၂ဆနီးပါးရှိသည်။ အဆိုပါ “ခရစ်စမတ်ဥက္ကာပျံ” သည် နက်ဖြန် ကြာသပတးနေ့တွင် ကမ္ဘာနှင့် အနီးဆုံးမှ ဖြတ်သန်းသွားမည်ဖြစ်ပြီး ကမ္ဘာကို မည်သို့မှ အန္တရာယ်ဖြစ်စေမည်မဟုတ်ချေ။

ကမ္ဘာ့တောင်ဖက်ခြမ်းဒေသများမှ အကောင်းဆုံးမြင်တွေ့နိုင်ပြီး ဥရောပနိုင်ငံများမှမူ ယနေ့မှသည် ဒီဇင်ဘာ ၁၉ ရက်အထိကာလများအတွင်း မြင်တွေ့နိုင်မည်ဖြစ်ကြောင်း နက္ခတ်ပညာရှင်တို့က ဆိုထားသည်။

သို့ရာတွင် သာမန်မျက်စိဖြင့် မြင်ရမည်မဟုတ်ပဲ၊ နက္ခတ်ကြည့် မှန်ပြောင်းနှင့် ကြည့်လျှင်သော်မှ ကျွမ်းကျင်သူဖြစ်မှသာလျှင် သိရှိနိုင်မည်ဖြစ်ကြောင်းဆိုသည်။

Ref: Huge 460ft-wide ‘Christmas asteroid’ will skim past Earth this week


LEAVE A REPLY

Please enter your comment!
Please enter your name here