ရှေးဟောင်းရိုးရာလက်မှုအသုံးအဆောင်များသည် အဖိုးမဖြတ်နိုင်သည့်သမိုင်းအထောက်အထားများဖြစ်၍ ရေရှည်တည်တံ့မှုရှိစေရန် စနစ် တကျထိန်းသိမ်းရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

0
295

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ပူတာအိုမြို့ သို့​​ရောက်ရှိနေစဥ် ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ်ရှိ ရဝမ်ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည်။

ရဝမ်ယဥ်ကျေးမှုပြတိုက်သည် ရဝမ်တိုင်းရင်း သားတို့၏ ယဉ်ကျေးမှုနှင့်သမိုင်းကို ထိန်းသိမ်းနိုင်ခြင်းဖြစ်၍ ဝမ်းမြောက်ဂုဏ်ယူ​ကြောင်း​ပြောကြားခဲ့သည်။

“ရှေးဟောင်းရိုးရာလက်မှုအသုံးအဆောင်တွေဟာ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းအထောက်အထားတွေဖြစ်လို့ ရေရှည်တည်တံ့မှုရှိစေဖို့ စနစ်တကျ ထိန်းသိမ်းဖို့နဲ့သန့်ရှင်းသပ်ယပ်အောင် ပြသထားရှိဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

သဘာဝဘေးအန္တရာယ်နှင့်ပိုးမွှားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးယိုယွင်းမှုများမဖြစ်စေရန်လည်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ရဝမ်ယဥ်ကျေးမှုပြတိုက်အတွင်းရှိ ကျောက်လက်နက်ကိရိယာပြကွက်၊ကျောက်ဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများပြကွက်၊သစ်သားထည်အိုးခွက်ပန်းကန်အသုံးအဆောင်များပြကွက်၊သစ်သားနှင့်ကြိမ်နှီးရက်ဦးဆောင်းများပြကွက်၊ရိုးရာတူရိယာပြကွက်၊ဝါးနှီးရက်အသုံးအဆောင်ပစ္စည်းများပြကွက်၊ကြိမ်နှီးဖြင့်ရက်လုပ်သည့် အသုံးအဆောင်ပစ္စည်းများပြကွက်၊ဓါးလှံပုဆိန်လေးမြှားလက် နက်များပြကွက်၊ဝါးအသုံးအဆောင်ပစ္စည်းများပြကွက်၊ရိုးရာခရီးဆောင်လွယ်အိတ်များပြကွက်၊ဒေသထွက်တိုင်းရင်းဆေးများပြကွက်၊ရိုးရာဂျက်ခုတ်အထည်ရက်ကိရိယာများပြကွက်၊ရဝမ်ရိုးရာ လက်ဝတ်ရတနာများပြကွက်၊ရဝမ်လူမျိုးများ ဆင်းသက်လာရာပြမြေပုံ၊နိုင်ငံတော်ခေါင်းဆောင်များနှင့်ပြည်နယ်ယဉ်ကျေးမှု ခေါင်းဆောင်များပြကွက်တို့အား ကြည့်ရှုခဲ့သည်။

နစက ဥက္ကဋ္ဌသည် ရဝမ်ရိုးရာ ရိန်ဒန်(ခ)မနောတိုင်ရှေ့တွင်လည်း ရဝမ်တိုင်းရင်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here